ကိုပါကြီးသေဆုံးမှု အမှုမှန်ပေါ်ရေး ဟင်္သာတတွင် ဆန္ဒပြ
DVB
·
November 2, 2014
အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဦးပါရဲဘုရားရှေ့ ကွင်းပြင်မှာ ဒီနေ့ တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တရားမျှတမှု ပေါ်ထွန်းရေး၊ သတင်းထောက်တွေ လုံခြုံရေး၊ အကြမ်းဖက် စစ်ရာဇဝတ်မှုတွေ ပပျောက်ရေး အချက် ၃ ချက် ပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော် တောင်းဆိုခဲ့ပါတယ်။
စစ်တပ်နဲ့ ဖြစ်ပွားတဲ့ အမှုတွေအတွက် တရားစီရင်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပြုပြင်ပြောင်းလဲရေးကို သွားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးလိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ဟင်္သာတ) က ဦးစိန်သောင်းက ပြောပါတယ်။
ဆန္ဒဖော်ထုတ်ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ဟင်္သာတ)၊ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ၊ NLD ပါတီ စတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှာသူ ၁၀၀ ယောက်လောက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။
သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ပြည့်ဖြိုး CJ (ဟင်္သာတ)
[gallery ids="69555,69556,69557,69558,69559,69560,69561,69562,69563,69564"]