DVB Logo
Home
မြန်မာသတင်း
အစိုးရက နိုင်ကျဉ်း မရှိတော့ဟု ထပ်ငြင်း
DVB
·
November 1, 2014
အစိုးရက နိုင်ကျဉ်း မရှိတော့ဟု ထပ်ငြင်း
Donate to DVB

အစိုးရက နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ ငြင်းဆိုနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကတော့ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၈၀ကျော် ထောင်ထဲမှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

[caption id="attachment_46489" align="aligncenter" width="446"]တောင်ငူထောင် တောင်ငူထောင်[/caption]

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ပေးပို့ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ဆိုတာ အခြားပြစ်မှု ကျုးလွန်ထားသူတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

အစိုးရဟာ ဟိုးအရင်အချိန်တွေတုန်းကလို အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ငြင်းဆိုနေကြောင်း နိုင်ကျဉ်းဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

“၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်ကစပြီး နိုင်ကျဉ်း မရှိတော့ဘူးလို့ အစိုးရက ငြင်းပြီးပြီ။ အခုလည်း ထပ်ငြင်းတာပေါ့ဗျာ။ အခု အကျဉ်းထောင်တွေထဲမှာ ကန့်ဘလူလယ်သမား ၅၆ ယောက်မပါ၊ နိုင်ကျဉ်း ၈၁ ယောက် ရှိနေတယ်။ အခု သမ္မတက ဖွဲ့ပေးထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီကလည်း သက်ဝင်လှုပ်ရှားမှု မရှိဘူး။ တချိန်တုန်းကလည်း အလားတူ ငြင်းခဲ့ဖူးတယ်။ အဲ့ဒီတော့ ကျနော်တို့ နိုင်ကျဉ်းဟောင်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီးတော့ ဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသေးကြောင်း တိုက်တွန်း တောင်းဆိုသွားမယ်။”

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတယောက် ရှိနေရင်တောင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အနှောင့်အယှက် ဖြစ်တယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီအနေနဲ့ ဆွေးနွေးပွဲ ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး အကျဉ်းသား ၃၄၀ကျော် ပြန်လွှတ်ပေးဖို့ နိုင်ငံတော်သမ္မတထံ တင်ပြဆောင်ရွက်ခဲ့တယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013