DVB Logo
Home
မြန်မာသတင်း
ထိပ်သီးဆွေးနွေးပွဲကတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆို
DVB
·
October 31, 2014
ထိပ်သီးဆွေးနွေးပွဲကတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆို
Donate to DVB

ဒီနေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ထောက်ခံကြိုဆိုလိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) က တိုက်တွန်းလိုက်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးတဲ့ တိုင်းရင်းသားညီလာခံတရပ် အမြန်ဆုံး ကျင်းပနိုင်ဖို့ လိုလားကြောင်း ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေဘောင်အတွင်းက မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ဥပဒေဘောင်တွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အထောက်အကူ ပြုမယ်လို့ ယုံကြည်ကြောင်း တိုင်းရင်းသား ပါတီ ၉ ခုနဲ့ ဖွဲ့စည်းထားတဲ့ အန်ဘီအက်ဖ်ပါတီ အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးဘရှိန်က ပြောပါတယ်။

“တွေ့ဆုံဖို့ နိုင်ငံတော် အစိုးရက ကူညီ စီစဉ်ပေးမယ်ဆိုလို့ရှိရင် ကောင်းတဲ့ အလုပ်တခုလို့ သဘောရတဲ့ အတွက်ကြောင့် ဒီကြေညာချက်ကို ထုတ်လိုက်ရတာပါ။”

ဒါ့အပြင် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံမှုဟာ တစုံတရာ တန်ဖိုးရှိတယ်လို့ မှတ်ယူထားကြောင်း သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်မကုန်မီ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ် လတ်မှတ်ရေးထိုးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး မူဘောင်တွေ ချမှတ်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေအတိုင်း ကျင်းပဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013