DVB Logo
Home
နိုင်ငံရေး
ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲ အနှစ်ချုပ် ဦးရဲထွဋ် ရှင်းလင်းပြောကြားချက်
DVB
·
October 31, 2014
ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲ အနှစ်ချုပ် ဦးရဲထွဋ် ရှင်းလင်းပြောကြားချက်
Donate to DVB

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က  သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်များ

-ပထမဆုံးတချက်က နိုင်ငံရေးပြဿ နာများအားလုံး ကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးက သဘောတူခဲ့ကြပါတယ်။

-ဒုတိယကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဥပဒေနဲ့အညီ လွှတ်တော်အတွင်းမှာပဲ ဆောင်ရွက်ဖို့ အားလုံးသဘောတူညီခဲ့ကြပါတယ်။

-တတိယတချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အောင်မြင်မှုအတွက် ယုံကြည်မှုတည်ဆောက်ရေးက အင်မတန်မှ အရေးကြီးတယ်၊ ယုံကြည်မှုတည်ဆောက်ရေးကို ပါဝင်ပတ်သက်သူအားလုံးက ဆောင်ရွက်သွားဖို့လိုတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ နောက်တခါ တဦးချင်းတယောက်ချင်း အကျိုးစီးပွားထက် နိုင်ငံရဲ့ တိုင်းပြည်ရဲ့အကျိုး လူမျိုးရဲ့အကျိုးကို ရှေ့တန်းတင် စဉ်းစား ဆောင်ရွက်သွားကြဖို့ ပြောပါတယ်။

-နံပါတ်လေးအချက်၊ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖြစ်နိုင်ရင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ဒါမှမဟုတ် ၂၀၁၅ ခုနှစ် အစပိုင်းမှာ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ အရေးကြီးတယ်၊ အထူးသဖြင့် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်နိုင်ဖို့အတွက် အခြေခံမူဘောင်များကို ချမှတ်နိုင်မှသာလျှင် ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ မည်သူပဲတာဝန်ယူသည် ဖြစ်စေ၊ မည်သည့်အစိုးရကပဲ တာဝန်ယူသည်ဖြစ်စေ၊ တိုင်းရင်းသား အဖွဲ့အစည်းများအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လုပ်နိုင်မှာဖြစ်တယ် ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

-နောက်တချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်တဲ့အခါမှာ အစိုးရ နိုင်ငံရေးပါတီများ အရပ်ဘက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနဲ့ နိုင်ငံတကာ မိတ်ဆွေများရဲ့ အားကိုယူပြီးတော့မှ ဆောင်ရွက်ဖို့၊ လူတိုင်းလူတိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေများကို သိရှိနားလည်ပြီးတော့မှ ဥပဒေအတိုင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

-နောက်တချက်က လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

-နောက်ဆုံးအချက်ကတော့ ဒီဟာ ပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်တယ်၊ နောက်ထပ် နည်းလမ်းကောင်းများ ရှာဖွေနိုင်ဖို့အတွက် ဆက်လက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013