DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် လယ်မြေပြန်ရရေး ဆန္ဒပြသူ ၁၀ ဦးကို စီရင်ချက်ချ
DVB
·
October 31, 2014
ဘားအံမြို့တွင် လယ်မြေပြန်ရရေး ဆန္ဒပြသူ ၁၀ ဦးကို စီရင်ချက်ချ
Donate to DVB

သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဆန္ဒပြခဲ့တဲ့ ကရင်ပြည်နယ် ဘားအံမြို့က တောင်သူတွေထဲက ၁၀ ဦးကို ခွင့်ပြုချက်မရဘဲ ဆန်ဒပြမှု ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်တွေ အသီသီးစီရင်ချက်ချမှတ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဘားအံမြို့နယ်အတွင်း ကျေးရွာပေါင်း ၉ ရွာက တောင်သူ ၁၀၀ ကျော် ဘားအံမြို့တွင်း စီတန်းလှည့်လည်ပြီး သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

[caption id="attachment_69426" align="alignright" width="300"] သြဂုတ်လ ၂၅ ရက်နေ့ ဆန္ဒပြစဉ် သြဂုတ်လ ၂၅ ရက်နေ့ ဆန္ဒပြစဉ်[/caption]

ဆန္ဒပြပွဲမှာ ဦးဆောင်သူဆိုပြီး ၈၈ ကရင်အမျိုးသားအစည်းအရုံးက ၄ ဦးကို ပုဒ်မ ၁၈ နဲ့ထောင်ဒဏ် ၄ လစီရင်ချက်ချမှတ်ခဲ့သလို ဆန္ဒပြသူ တောင်သူတွေထဲက ၆ ဦးကို ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ငွေဒဏ် ၂ သောင်းစီ ပေးဆောင်ဖို့ အောက်တိုဘာလ ၂၉ ရက်နေ့က စီရင်ခဲ့တာဖြစ်ပါတယ်။

၈၈ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဦးစောမောင်ကြီးက “၂၅ ရက်နေ့ ၈ လပိုင်း ဆန္ဒဖော်ထုတ်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့  ၄ ယောက် ထောင်ချခံရပါတယ်။ လယ်သမား ၆ ယောက်ကတော့ ဒဏ်ငွေ ၂ သောင်းစီနဲ့ အားလုံး ၁ သိန်း ၂ သောင်း ဆောင်လိုက်ရပါတယ်” လို့   ဒီဗွီဘီကို ပြောပါတယ်။

ဒီလယ်ယာမြေ ပြဿ    နာတွေနဲ့ပတ်သက်ပြီး လယ်သမားတွေကို တရားစွဲဆို ထောင်ချတိုင်း ဒီပြဿ      နာ အဆုံးသတ်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဘားအံမြို့နယ် တောင်သူကုန်း၊ စံဖရီး၊  လက္ခဏ၊ လှာကမြင်၊ လှာကဒေါင်၊ ကော့စလုံ၊ အစရှိတဲ့ ကျေးရွာ ၉ ရွာက လယ်ယာမြေ ၄ ထောင်ကျော်ကို အစိုးရက ၁၉၈၆ ခုနှစ်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

လယ်ယာမြေတွေပြန်ရရှိရေးအတွက် အစိုရအဆင့်ဆင့်ထံတင်ပြတောင်းဆိုမှုတွေ ရှိ ပေမယ့် အရေးယူဆောင်ရွက်မှုမရှိတဲ့အတွက် တောင်သူတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013