DVB Logo
Home
မြန်မာသတင်း
စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်
DVB
·
October 31, 2014
စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်
Donate to DVB

10468365_554013938077704_4811562083722932860_nလိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ် ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့  ဒီကနေ့ သူတို့ကို သွားတွေ့ခဲ့တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မင်္ဂလာစကားတခု ပြောရမယ်ဆိုရင်တော့ ကျနော်တို့ကလေးတွေဟာ အရင်တုန်းက ထောင်ဝင်းထဲမှာ သံခြေချင်းနဲ့ နေခဲ့ရတာပါ။ အခုကတော့ သံခြေချင်းကို ၂ ရက်လောက်ဖြုတ်ပေးလိုက်ပြီလို့ ကျနော်တို့ သိရပါတယ်။”

သံသယရှိသူ ၂ ဦးဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း တရားခံတွေမဟုတ်ဘဲ အပြစ်ကင်းသူတွေ ဖြစ်နေတဲ့အတွက် သူ့တို့ကို သံခြေချင်းဖြုတ်ပေးဖို့  လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ရှေ့နေတွေက အောက်တိုဘာ ၂၂ ရက်နေ့မှာ အကျဉ်းထောင်အာဏာပိုင်တွေကို  တောင်းဆိုခဲ့တာပါ။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013