DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့အရေး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အိုဘားမား ဖုန်းဖြင့်ဆွေးနွေး
DVB
·
October 31, 2014
နိုင်ငံ့အရေး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အိုဘားမား ဖုန်းဖြင့်ဆွေးနွေး
Donate to DVB

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတို့ တယ်လီဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

U.S. President Obama talks on the phone with Iranian President Rouhani in the Oval Office at the White House in Washingtonဒါ့အပြင် ဒီဖြစ်စဉ်တွေမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အများ ယုံကြည်လက်ခံနိုင် စွမ်းရှိအောင် ဆောင် ရွက်ပေးဖို့ ဆွေးနွေး ခဲ့တယ်လို့  ဆိုပါတယ်။

ကွဲပြားမှုကို လေးစားဖို့ ပိုပါဝင်လာတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်တခုကို ဖန်တီးဖို့နဲ့ သည်းခံနိုင်စွမ်း ပိုမိုရှိစေဖို့ လုပ်ဆောင်ရာမှာ အမေရိကန်ကဘယ်လို ကူညီနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုခဲ့သလို မြန်မာပြည်သူတွေ ပိုမိုတိုးတက် လွတ်လပ်ပွင့်လင်းဖို့ အတွက် အကူအညီပေးသွားဖို့ ဆန္ဒကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အရှေ့အာရှနဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ကိစ္စတွေ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို သမ္မတ ဦးသိန်းစိန်နဲ့လည်း အိုဘားမားက တယ်လီဖုန်းနဲ့ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ၊ တင်းမာမှု၊ ရခိုင်လုပ်ငန်း စီမံချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံရေး အခွင့်အရေးတွေကို ထောက်ပံ့ လုပ်ဆောင်ပေးဖို့ အပါအ၀င် ပိုမိုလိုအပ်တဲ့ ခြေလှမ်းတွေကို မြန်မာအစိုးရက ဆောင်ရွက်ဖို့ အရေးကြီးတဲ့အခြေအနေကို အိုဘားမားက ဖိအားပေးပြောဆိုခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ခံယူချက်ကို ကြိုဆိုခဲ့ပြီး နိုင်ငံတ၀န်း အပစ်ခတ်ရပ်စဲရေးကို အချိန်တိုအတွင်း အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ၂၀၁၅ ရွေးကောက်ပွဲကို လည်း စိတ်ချယုံကြည်မှု ရှိရှိ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013