DVB Logo
Home
မြန်မာသတင်း
စွပ်စွဲခံလူငယ် ၂ ဦး၏ ထွက်ဆိုချက် သံရုံးအထူးအဖွဲ့ ထပ်မံမေးမြန်းမည်
DVB
·
October 31, 2014
စွပ်စွဲခံလူငယ် ၂ ဦး၏ ထွက်ဆိုချက် သံရုံးအထူးအဖွဲ့ ထပ်မံမေးမြန်းမည်
Donate to DVB

မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့က  ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှု၊ မုဒိမ်းမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထားရှိရာ ကော့စမွီအကျဉ်းထောင်မှာ နာရီပိုင်းအကြာမှာ တွေ့ဆုံတော့မှာဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင်  ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေတို့ဖြစ်ပြီး မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်ပါတယ်။

Koa-ToaThai-300x199ဒီခရီးစဉ်ရည်ရွယ်ချက်ကတော့ လူငယ်နှစ်ဦးက သံရုံးကိုယ်စားလှယ်အဖွဲ့နဲ့ ပထမတကြိမ် သွားတွေ့စဉ်မှာ ပေါက်တူးနောင့်နဲ့ ထုရိုက်တယ်လို့ ပြောဆိုချက်နဲ့ မိဘတွေနဲ့တွေ့စဉ်မှာ မသတ်ကြောင်း ပြောဆိုချက် ကွဲလွဲတဲ့အပေါ် အသေအချာ ဖြစ်စေဖို့ တွေ့ဆုံမေးမြန်းမယ်၊ မွန်း မတည့်ခင်  တွေ့ဆုံနိုင်လိမ့်မယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောဆိုပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က “သူတို့က ၆  ရက် ၁၀ လ ၂၀၁၄ ခုနှစ် ထွက်ဆိုချက်နဲ့ ၂၄ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာ မိဘတွေနဲ့ သွားတွေ့တဲ့ ထွက်ချက်မှာ ကွဲလွဲချက်လေးတွေ ရှိနေပါတယ်။ အဲဒီကွဲလွဲချက် ရှိတာလေးတွေကို ကျနော်တို့ ပြန်ပေါင်းပြီးတော့ အဖြစ်မှန်ဆိုတာကို သိရအောင်လို့ပါ။ နောက်တခုက ထိုင်းဘက်က ပြုလုပ်လာမယ့် အထောက်အထားတူလာမယ့် ဒီအန်အေကိစ္စပါ။ ဒီအန်အေ ကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို ကျနော်တို့ ၆ ရက်၊ ၁၀ လ၊ ၂၀၁၄ လနေ့က ခိုတောင်ကျွန်းမှာ သွားစဉ်တုန်းက အမှုစစ်တဲ့ရဲကို မေးရာမှာလည်း တယောက်ကိုတော့ တံတွေးယူတယ်၊ တယောက်ကိုတော့ ဆီးနဲ့ တံတွေးနဲ့ ယူတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီလိုအချက်လေးတွေဟာလည်း မလုံလောက်ဘူးဆိုတာကို ကျနော် ၀က်ဘ်ဆိုက်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီတော့ ဒီဟာကို သူတို့ confirm (သေချာ) တယ်ဆိုရင် ကျနော်တို့က သူတို့ တောင်းဆိုလာမယ့် ဒီအန်အေ နဲ့ပတ်သက်လို့ ပြန်စစ်ပါဆိုတဲ့ အချက်အလက်တွေကို လက်ခံလို့လည်း ရတယ်။ ငြင်းဆန်လို့လည်း ရတယ်။ ဒါတွေကို ညှိနှိုင်းပြီး ရှေ့နေများကောင်စီနဲ့ ညှိနှိုင်းဖို့လည်း ရှိပါတယ်။"

ဒီအမှုအတွက် ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၂၀ ဟာလည်း အထူး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာလူငယ် ၂ ဦးကို နောက်လာမယ့်ရက်ပိုင်းအတွင်း ထပ်မံ တွေ့ဆုံဖို့ရှိပြီး ရာသီဥတုအခြေအနေကြောင့် ရက်ရွေးနေတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစဉ်၊ ထိုင်းရှေ့နေများကောင်စီနဲ့တွေ့ဆုံစဉ်၊ သူတို့ကို ရဲနဲ့ စကားပြန်က ရိုက်နှက်လို့ ၀န်ခံခဲ့တယ်ဆို တာကို ပြောဆိုခဲ့ကြပြီး အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့တွေ့ ဆုံရာမှာတော့  ၀န်မခံရင် သူတို့ကို သတ်ပြီး မြစ်ထဲမျှောမယ်၊ ကားတာယာ ကွင်းထဲထည့် ဓာတ်ဆီလောင်း မီးရှို့မယ်လို့ စစ်ဆေးရာမှာ ခြိမ်းခြောက်တဲ့အတွက် ကြောက်လို့ ၀န်ခံခဲ့ရတယ်ဆိုတာ ပြောဆိုခဲ့ကြပါတယ်။

စက်တင်ဘာလလယ်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်မှုအပေါ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဟာ ဝေဖန်ခံနေရသလို ထိုင်းဝန်ကြီးချုပ်ကတော့ ဒီလူငယ် ၂ ဦးကို ဒီအန်အေ ပြန်လည်စစ်ဆေးနိုင်တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013