Home
အနုပညာ
မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်
DVB
·
October 31, 2014
ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ "Ice Poison" ရုပ်ရှင်ကားဟာ အကောင်းဆုံးဒါရိုက်တာဆုအဖြစ် ဇကာတင်ရွေးချယ်ခံထားရပါတယ်။ ICE POISONအသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွားတက်ခဲ့တယ်လို့ သိရပါတယ်။ အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေတောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့အကြောင်းပါ။ ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်းစံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024