
ကျင်းပနေတဲ့ လွှတ်တော် အရပ်ရပ်ကို အောက်တိုဘာ ၃၁ ရက်ကစပြီး ၁၀ ရက်ကြာ ရပ်နားလိုက်ပါတယ်။
လက်ရှိပြည်သူ့လွှတ်တော်မှာ ပီအာ လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးလက်စ ဖြစ်နေပြီး ကိုယ်စားလှယ်စုစုပေါင်း ၄၀ ကျော်က ၀ိုင်းဆွေးနွေနေကြတာ ဖြစ်ပါတယ်။
ဆွေးနွေးခဲ့ပြီးသမျှ အန်အယ်ဒီပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးနေကြပြီး အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးနေကြတယ်လို့ သီပေါအမတ် ဦးရဲထွန်းက ပြောပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ကြားနေပြီး ပီအာစနစ်ကျင့်သုံးမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူပြီးမှ လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၀ ရက် လွှတ်တော်အရပ်ရပ်ပြန်စရင် ပီအာကိစ္စကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဖို့ရှိပြီး ပြည်ထောင်စုလွှတ်တော်မှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဆက်တိုက်ဆွေးနွေးကြဖို့ ရှိပါတယ်။











