DVB Logo
Home
Lead Story
မတ္ထီလာ ဒုက္ခသည်များကို အရေးပေါ် ထောက်ပံ့ကြရန် ကုလပြော
DVB
·
October 30, 2014
မတ္ထီလာ ဒုက္ခသည်များကို အရေးပေါ် ထောက်ပံ့ကြရန် ကုလပြော
Donate to DVB

၂၀၁၃ မတ်မတိုင်မီက အခြေအနေကို မိတ္ထီလာ ဒုက္ခသည်တွေက ပြန်လည် ရရှိခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ အစားအစာ လိုအပ်တဲ့ ပိုမို ထိခိုက်ခံစားရတဲ့ အသိုင်းအ၀န်းကို အရေးပေါ် ထောက်ပံ့မှုတွေ ဦးစားပေး လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဆန္ဒပြုထားတယ်လို့ ပြောပါတယ်။

မိတ္ထီလာ ဒုက္ခသည်စခန်းတွင်းက ပြောင်းလဲတိုးတက်မှုတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်ခဲ့ရာမှာ အကူအညီရနေတဲ့ ဒုက္ခသည်တွေက လုံလောက်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ၀င်ငွေရရှိတဲ့ အခွင့်အရေးတွေ ရရှိလာပြီဆိုတာကို တွေ့ရှိခဲ့ရတယ်လို့လည်း WFP က ပြောပါတယ်။

အစိုးရ ပုဂ္ဂလိကဏ္ဍနဲ့ တဦးခြင်း အလှူရှင်တွေ လှူဒါန်းထားတဲ့ WFP မှာလည်း ငွေကြေး အကန့်အသတ် ရှိနေသလို မြန်မာမှာ ရှိတဲ့ အစား အသောက် လုံလုံလောက်လောက် မရတဲ့သူတွေကို အစားအသောက် အကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ မိတ္ထီလာက ဒုက္ခသည်တွေကတော့ ဒီအမျိုးအစားထဲမှာ မပါတော့ဘူးလို့ဆိုပါတယ်။

၂၀၁၃ မတ်ကနေ ၂၀၁၄ သြဂုတ်လအထိ  WFP က မိတ္တီလာ ဒုက္ခသည် စခန်းတွေက  ရွှေ့ပြောင်း ဒုက္ခသည် ၁ သောင်းကျော်ကို ကူညီခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013