DVB Logo
Home
Lead Story
သမ္မတအိမ်တော် တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
DVB
·
October 30, 2014
သမ္မတအိမ်တော် တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
Donate to DVB

သမ္မတအိမ်တော် တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အတည်ပြုပြောကြားလိုက်ပါတယ်။

DASSK PharAim18012014မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြားထားတဲ့အပေါ် ဦးဝင်းထိန်က အခုလို ပြောဆိုလိုက်တာပါ။

ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသိန်းထွန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးဌေးဦး အပါအ၀င် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013