DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရ ထပ်မံတွေ့ဆုံမည်
DVB
·
October 30, 2014
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရ ထပ်မံတွေ့ဆုံမည်
Donate to DVB

အပစ်အခတ်ရပ် ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

SSPPပြီးခဲ့တဲ့အပတ်က လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မပြီးပြတ်သေးတာတွေ ဆက်လက်ဆွေးနွေး ဖို့ဖြစ်ကြောင်း နေပြည်တော်မှာ ရောက်ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စ၀်ခွန်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်တပတ်က ဆွေးနွေးပွဲမှာ အစိုးရဘက်က အဆိုပြုထားတာတွေကို  ကျနော်တို့ဘက်က အဖွဲ့တွင်းမှာ ပြန်တင်ပြဆွေးနွေးပြီးလို့ သူတို့နဲ့ နောက်ထပ်တွေ့ဆုံဖို့ အသင့်ရှိကြောင်း အကြောင်းပြန်လိုက်တာပါ။ အသေးစိတ်ကိုတော့ မနက်ဖြန်မှ သိရပါမယ်။”

အောက်တိုဘာ ၁၈ ရက်နေ့က  အက်စ်အက်စ်ပီပီ နဲ့  ယူပီဒဗလျူစီ တို့ ဆွေးနွေးချက်မှာ  ရှမ်းတပ် နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ နှစ်ဖက်နဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းဖြေရှင်းဖို့  အစိုးရဘက်က အဆိုပြုထားပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲမှာ အစိုးရဘက်က ယူပီဒဗလျူစီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့  အက်စ်အက်စ်ပီပီဘက်က အတွင်းရေးမှူး စ၀်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ပွားဖို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်က ကျေးသီးမြို့နယ် တာဖာဖောင်တံတားအနီးက သူတို့တပ်စခန်းတခု ဆုတ်ခွာပေးခဲ့ပေမယ့် အစိုးရတပ်ဘက်ကတော့ ဆုတ်ခွာသွားတာ မရှိတဲ့အပြင် ရှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေထဲကို နောကိထပ်အင်အားတိုးဖြည့်လာတယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားပေမယ့် တိုက်ပေါင်းပွဲ ၂၀၀ ကျော် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013