DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ကယ်ဆယ်ရေးစခန်းနေ ပြည်သူများ စားရေးအခက်ကြုံ
DVB
·
October 30, 2014
မိတ္ထီလာ ကယ်ဆယ်ရေးစခန်းနေ ပြည်သူများ စားရေးအခက်ကြုံ
Donate to DVB

မိတ္ထီလာမြို့၊ ကယ်ဆယ်ရေးစခန်းနေ ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆက်လက်မထောက်ပံ့တော့တဲ့အတွက် စခန်းနေပြည်သူတွေ စားသောက်ဖို့ အခက်တွေ့နေကြပါတယ်။

[caption id="attachment_53578" align="alignright" width="351"]မိတ္ထီလာ ဒုက္ခသည်စခန်းတခု မိတ္ထီလာ ဒုက္ခသည်စခန်းတခု[/caption]

မိတ္ထီလာမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ကယ်ဆယ်ရေးစခန်း ၃ ခုနေ ဒေသခံပြည်သူ ၃၅၀၀ လောက် စားသောက်ဖို့ အခက်တွေ့နေကြ တာဖြစ်ပြီး ရိက္ခာမရတာ ၂ လလောက်ရှိသွားပြီလို့ ပို့ဆက်ကယ် ဆယ်ရေးစခန်းနေ ကိုတင်ကိုက ပြောပါတယ်။

“WFP က ဆန်၊ ဆီ၊ ဆား၊ ပဲ အဓိ က ထောက်ပံ့နေ တာ ပြီးခဲ့တဲ့ ၈ လပိုင်း ကတည်းက ရပ်သွားတာ ၂ လရှိပြီ ရိက္ခာမရတာ။ အခုတော့ နေ့လုပ် နေ့စား၊ ညလုပ်ညစား လုပ်ပြီး ရှာဖွေစားသောက်နေတာက လေးချိုးနှစ်ချိုးလောက် ရှိတယ်။ နောက် ဘာမှမလုပ်ဘဲနဲ့ ပတ်ချာလည်လှည့်ပြီး တောင်းရမ်းစားနေတာတွေလည်း ရှိတယ်။”

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့ ရွှေဆိုင်တခုမှာ အရောင်းအ၀ယ်လုပ်ရာက စပြီး ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးခံရလို့ ကယ်ဆယ်ရေးစခန်း ကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်လှစ်ခဲ့ပြီး အိမ်ခြေမဲ့ လူဦးရေ ၁ သောင်းလောက် ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်ပြီးခါစမှာ အလှူရှင်တွေ အမြောက်အမြား ရှိခဲ့လို့ အဆင်ပြေ ခဲ့ပေမယ့် အခုအချိန်မှာတော့ အလှူရှင်တွေ လာရောက်လှူဒါန်းတာမျိုးလည်း မရှိတော့ဘူးလို့ ကိုတင်ကိုက ပြောပါတယ်။

အခု ၁ နှစ်ခွဲလောက်ကြာချိန်မှာတော့ အင်းကုန်းဘုန်းကြီးကျောင်း၊ ပို့ဆက်သင်တန်း ကျောင်းနဲ့ ခရိုင်အားကစားကွင်းစတဲ့ စခန်း ၃ ခုပဲ ကျန်ရှိတော့ပြီး လူဦးရေ ၃၅၀၀ လောက် ဆက်လက် ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားခါစက စားရေရိကာအပါအ၀င် ထောက်ပံ့လှူဒါန်းမှု အမြောက်အမြားလုပ်ခဲ့တဲ့ အာရှအလင်းရောင်ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်ဘဒ္ဒန္တ စိန္တိတကတော့ သူ့ဆီအကြောင်းကြားလာရင် လှူဒါန်းပေးနိုင်ပုံကို အခုလို မိန့်ပါတယ်။

“မိတ္ထီလာမှာ ထီလာသုခသမဂ္ဂီဆိုတာ ဘုန်းကြီးဖွဲ့ပေးထားတာ ရှိတယ်လေ။ သူတို့ဆီက ဘာမှ အကြောင်းကြားလာတာ မရှိတော့ ဘုန်းကြီးလည်း ဘာမှ မသိဘူး ဖြစ်နေတယ်။ အကြောင်းကြားလာရင်တော့ ဘုန်းကြီး အလှူခံပြီး ထောက်ပံ့ပေးလို့ ရပါတယ်။ အဲ့ဒီဘက်နဲ့လည်း အဆက်ပြတ်နေတာ ကြာသွားတော့လေ။”

မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း နေအိမ်တိုက်ခန်းတချို့ ဆောက်လုပ်ပြီးစီးသွားလို့ ကယ်ဆယ်ရေးစခန်းနေ ဒေသခံတချို့ အိမ်ပြန်နေထိုင်ခွင့် ရခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013