DVB Logo
Home
မြန်မာသတင်း
အမေရိကန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခြင်း မရှိ
DVB
·
October 30, 2014
အမေရိကန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခြင်း မရှိ
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအရေး အပါအ၀င် မြန်မာ့နိုင်ငံရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_69278" align="aligncenter" width="498"]၈၈ မျိုးဆက်အဖွဲ့နှင့် အမေရိကန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - ၈၈ မျိုးဆက်) ၈၈ မျိုးဆက်အဖွဲ့နှင့် အမေရိကန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - ၈၈ မျိုးဆက်)[/caption]

အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ ၈၈ ငြိမ်းချမ်းနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အမေရိကန် အစိုးရရဲ့ သဘောထားအပါအ၀င် နိုင်ငံ့အရေး ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက် ကိုမြအေးက ပြောပါတယ်။

“အဓိကက ဗျာ၊ အပြင်မှာ သတင်းတွေ ထွက်နေသလို အမေရိကန်သံအမတ်ကြီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိအားပေးနေတယ်ဆိုတာ မဟုတ်တဲ့ အကြောင်း၊ သူတို့မှာ ဒီလိုသဘောထားမျိုး မရှိတဲ့ အကျိုးအကြောင်း ပြောပြပါတယ်။ နိုင်ငံတကာမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသွားရင် တတိုင်းပြည်လုံး အပစ်ရပ်အဆင့်ကို ဖြတ်ရတာပဲလို့လည်း ပြောပါတယ်။ သူတို့အနေနဲ့ တိုင်းရင်းသားဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့ အကြောင်းလည်း ပြောပါတယ်။”

အမေရိကန်သံအမတ်နဲ့ ၈၈ တို့ ပုံမှန်တွေ့ဆုံမှုရှိပြီး ၃-၄ ကြိမ်မက တွေ့ဆုံဆွေးနွေးခဲ့ကြပြီးလည်း ဖြစ်တယ်လို့ ကိုမြအေးက ပြောပါတယ်။

ဒါ့အပြင် အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့ကိစ္စရပ် အပါအ၀င် နိုင်ငံသားတွေ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ကိစ္စရပ်တွေ၊ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေ တိုးတက်မှု မရှိဘဲ နှေးကွေးသွားတဲ့ ကိစ္စရပ်တွေကိုလည်း နှစ်ဘက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြပါတယ်။

အမေရိကန်သံအမတ်ဟာ သမ္မတအိုဘားမား မြန်မာပြည် မလာခင် တိုင်းရင်းသားဒေသတွေ ဘက် ခရီးထွက်ပြီး တိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို လိုက်လံ တီးခေါက်ပြီး အချက်အလက်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013