မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-visa စနစ် နိုဝင်ဘာ ၁ ရက်နေ့ စတင်မည်
DVB
·
October 30, 2014
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အီလက်ထရွန်နစ်ဗီဇာ (e-visa) စနစ်ကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
e-visa စနစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စက်တင်ဘာ ၁ ရက်နေ့က စတင် ခွင့်ပြုခဲ့ပြီး နိုင်ငံပေါင်း ၄၁ နိုင်ငံ ခွင့်ပြုခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာတော့ ၂၄ နိုင်ငံ ထပ်တိုး ခွင့်ပြုခဲ့ပါတယ်။
e-visa စနစ်နဲ့ အမေရိကန်နိုင်ငံသားတွေ ဝင်ရောက်မှု အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာသာမက နယ်စပ်ဝင်ပေါက်တွေမှာလည်း ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။