Home
မြန်မာသတင်း
စစ်ဆင်ရေးအသုံးစရိတ် လျော့ချရန် လွှတ်တော်အစည်းအဝေးတွင် တောင်းဆို
DVB
·
October 30, 2014
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆင်ရေးအသုံးစရိတ်အတွက် ထပ်မံတိုးတောင်းငွေ ကျပ်သန်းပေါင်း ၁၀၀ ကို ငြိမ်းချမ်းရေးလုပ်ငန်းခေါင်းစဉ်အောက် သို့မဟုတ် လျော့ချရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းဆိုလိုက်ပါတယ်။ Parliment 12092014အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆင်ရေးအသုံးစရိတ်အတွက် ထပ်မံတိုးတောင်းငွေ ကျပ်သန်းပေါင်း ၁၀၀ ကို ငြိမ်းချမ်းရေးခေါင်းစဉ် အောက် သို့မဟုတ် လျော့ချပေးဖို့ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်း၏ ရငွေ သုံးငွေနဲ့ စပ်လျဉ်းပြီး ကွန်ဟိန်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ဆွေးနွေးရာမှာ အခုလို ပြောကြားခဲ့တာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က “ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ စစ်ဆင်ရေးလုပ်ငန်းအတွက် မူလလျာထားချက်မှာ ကျပ်သန်းပေါင်း ၂၀၀ ဖြစ်ပြီး ထပ်မံတိုး တောင်းငွေဟာ ကျပ်သန်းပေါင်း ၁၀၀ ဖြစ်လို့ စုစုပေါင်း ကျပ်သန်းပေါင်း ၃၀၀ သုံးစွဲမှာဖြစ်ပါတယ်။ မူလ လျာထားချက် ကျပ်သန်းပေါင်း ၂၀၀ ထဲတွင် ပထမငါးလအတွက် အမှန်သုံးစွဲငွေသည် ၂၅ ဒသမ ၄၇ သန်း ဖြစ်တဲ့အတွက်ကြောင့် မူလလျာထားငွေ၏ ၁၃ ရာခိုင်နှုန်း လေးပုံတစ်ပုံသာ သုံးစွဲထားကြောင်း တွေ့မြင်ရပါတယ်။ ကျန် ၇ လအတွက် သုံးစွဲမည့်ငွေသည် ကျပ်သန်းပေါင်း ၂၇၄ ဒသမ ၅၂၇ သန်းဖြစ်လို့ မူလလျာ ထားငွေရဲ့ ၁၃၇ ရာခိုင်နှုန်းဖြစ်နေလို့ အလွန်များပြားနေပါတယ်။ ဥပဒေအရ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခွင့် မပြုလို့ဆိုပေမယ့် အခုအချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလဖြစ်နေတဲ့အတွက် စစ်ဆင် ရေးစရိတ်များကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခြင်း လျော့ချခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ဥပဒေအရ လျော့ချလို့ရပါတယ်။ စစ်ဆင်ရေး လုပ်ငန်းအတွက် ထပ်မံတိုးတောင်းငွေ ကျပ်သန်းပေါင်း ၁၀၀ ကို ကာကွယ်ရေး ၀န်ကြီးဌာနအောက် ငြိမ်းချမ်းရေးခေါင်းစဉ်သို့ လွှဲပြောင်းသုံးစွဲပေးပါရန် သို့မဟုတ် လျော့ချပေးပါရန် အဆို ပြုတင်ပြအပ်ပါတယ်”လို့ ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုက်ခိုက်ရေးအသုံးစရိတ် ၃၂ ဒသမ ၈၉ ရာခိုင်နှုန်းသာ အသုံး ပြုထားပြီး ကာကွယ်ရေးအသုံးစရိတ် တင်ပြတောင်းခံတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက် နိုင်ခြင်းမရှိဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024