လေဆာတံဆိပ်သွားတိုက်ဆေး လုပ်ငန်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် Colgate ကုမ္ပဏီဝယ်ယူ
DVB
·
October 30, 2014

[caption id="attachment_69231" align="alignright" width="275"]
ဓာတ်ပုံ - ရိုက်တာ[/caption]အမေရိကန် ပြည်ထောင်စုရှိ ကမ္ဘာကျော် Colgate-Palmolive ကုမ္ပဏီကြီးက မြန်မာနိုင်ငံက လေဆာတံဆိပ် သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းကို မူလပိုင်ရှင် ရွှေဧရာနဒီ ကုမ္ပဏီကနေ ဒေါ်လာ သန်း ၁ဝဝ လောက်နဲ့ ဝယ်ယူလိုက်ပြီလို့ အမေရိကန် Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။
Colgate ကုမ္ပဏီ ဘက်ကရော လေဆာကုမ္ပဏီ ဘက်ကပါ အခုသတင်းနဲ့ ပတ်သက်ပြီး ကြေညာတာ မရှိသေးပါဘူး။
ဒီငွေပမာဏ ဟာ ၂ဝ၁၂ ခုနှစ် အမေရိကန် က စီးပွားပိတ်ဆို့မှုရုပ်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီတခုက အများဆုံး ရင်းနှီးမြှုပ်နှံ တခုလည်းဖြစ်ပါတယ်။
