DVB Logo
Home
မြန်မာသတင်း
Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်
DVB
·
October 30, 2014
Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မေဘရဏီသော်က အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။

May Bayani Thawဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်မေဘရဏီသော်က မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

“သမီးအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ၀င်ရောက်ယှဉ်ပြိုင်မရမှာဖြစ်အတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ သမီးကိုလည်း အားပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်။”

Miss International Beauty Pageant 2014 ပြိုင်ပွဲကို Miss Myanmar International 2014 အဖြစ်ရွေးချယ်ခံရတဲ့ ခင်ဝေဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အသက် ၁၈ နှစ်ပြည့်ဖို့ လိုနေတဲ့အတွက် 1st Runner Up အလှမယ်မေဘရဏီသော်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

“အချိန်ကလည်း တော်တော်လေးနီးသွားတဲ့အတွက် ပြင်ဆင်ချိန်ကို တော်တော်လေး လုပ်ယူခဲ့ရတယ်။ အ၀တ်အစားပိုင်း ဘော်ဒီပိုင်းတွေ ပြင်ရတယ်။ ပြီးတော့ ကိုယ်နိုင်ငံကိုယ်စားပြု အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအကြောင်းကို ဘယ်လို intro လုပ်ရမလဲဆိုတာပေါ့။ ဘာပဲဖြစ်ဖြစ် သိထားဖို့က အရေးကြီးတယ်လေ။ အဲ့ဒီ အချက်အလက်တွေ လည်း အများကြီးပြင်ဆင်ခဲ့ရပါတယ်။ အဲဒါတောင်မှ ကိုယ်အနေနဲ့ လိုအပ်ချက်လေးတွေ ရှိသေးတယ်လို့တော့ အခုထက်ထိတော့ ထင်တုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ်စားပြု ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။”

သက်တမ်း ၅၄ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲ နောက်ဆုံးနေ့ ဆုပေးပွဲကို Shinagawa Prince Hotel Hall မှာ ကျင်းပမှာဖြစ်ပါတယ်။ Miss International Beauty Pageant ကို အိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲကစလို့ အလှမယ်နန်းခင်ဇေယျာက မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ မှာတော့ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013