
ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင်က ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ဆွေးနွေးပွဲကနေ ကော်သူးလေတပ်မတော်အဖြစ် ပေါင်းစည်းဖို့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
ကော့သူးလေတပ်မတော် ဖွဲ့စည်းရေးဆိုင်ရာကိစ္စမှာ ကရင်အမျိုးသားအစည်းအရုံးက မူအားဖြင့် သဘောတူကြောင်းဆုံးဖြတ်ချက်၊ ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းကို တက်ရောက်လာတဲ့ လူထုကိုယ်စားလှယ်တွေ အားလုံးက ထောက်ခံကြောင်း ဆုံးဖြတ်ချက်၊ ဒီကေဘီအေက ကော်သူလေး တပ်မတော်အဖြစ် ရပ်တည်သွားဖို့နဲ့ ကော့သူလေ တပ်မတော် အောက်မှာ ရှိတဲ့ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုပုံစံ ဆွေးနွေးတဲ့အခါမှာ ကရင့်လက်နက်ကိုင်တပ်မှူးတွေ စုံညီစွာ ဆွေးနွေးပြီးတော့ လူထုကို ချပြမယ်ဆိုတဲ့ အချက်လေးချက်ကို ဆုံးဖြတ်ခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော်(ငြိမ်းချမ်းရေးကောင်စီ)က ကိုယ်စားလှယ်တော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့ကနေ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ ဒေါက်တာ တင်မိုသီကတော့ တက်ရောက်ပါတယ်။
ကလိုထူးဖော ကရင်အဖွဲ့အစည်းကလည်း ကော်သူးလေတပ်မတော်မှာ ပါဝင်ပူးပေါင်းဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒီကေဘီအေ၊ ကေကေအိုနဲ့ ဧရာဝတီတိုင်းက ရင်ပြည်နယ်စတဲ့ ဒေသတွေက ကရင်ကိုယ်စားလှယ်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။











