DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး အသတ်ခံရမှု ဖော်ထုတ်အရေးယူပေးရန် ပြည်မြို့တွင် ဆန္ဒပြ
DVB
·
October 29, 2014
ကိုပါကြီး အသတ်ခံရမှု ဖော်ထုတ်အရေးယူပေးရန် ပြည်မြို့တွင် ဆန္ဒပြ
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုမှာ တာဝန်ရှိသူကို ဖော်ထုတ်အရေးယူပေးဖို့ ပဲခူးတိုင်း ပြည်မြို့မှာ ဒီနေ့မနက် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ပေါင်းတည်၊ နတ္တလင်း၊ ရွှေတောင်၊ ပေါက်ခေါင်း၊ မှော်ဇာ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ သဲကုန်းတို့က လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်ခရိုင် ကိုယ်စားပြု ဆန္ဒပြပွဲတခုကို မြို့လယ်မြင်းစီးကျောက်ရုပ်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

နာရီဝက်ကြာ ဟောပြောစုရုံးပြီး သတင်းထောက်ကိုပါကြီးကို ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

Pyi Protestဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်လမ်း၊ ရွှေဆံတော်ဘုရားရှေ့မှာ တကြိမ်၊ ကိုးသောင်းလမ်း၊ သံတချောင်းလမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးရှေ့မှာ တကြိမ်၊ လမ်းမတော်လမ်း သုခစာပေရှေ့ တို့မှာ  ဟောပြောရင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားစာပေးပို့တဲ့အခါ  ညနေ ၆ နာရီထိုးမှာ ရဲစခန်းက ခွင့်ပြုမိန့်ပေးခဲ့ပါတယ်။

ဒါပေမယ့် သံတချောင်းလမ်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ကိုတော့ သွားခွင့်မပေးခဲ့ပါဘူး။ ဆန္ဒပြသူတွေကတော့ မူလအစီအစဉ်အတိုင်း အဲဒီနေရာတွေကိုပါ သွားရောက်ဟောပြော ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုအတွက် ပြည်ခရိုင်ထဲက လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက စုပေါင်းပြီး သဘောထားကြေညာချက်တခုကိုလည်း ထုတ်ပြန်ပြီး ဆန္ဒပြပွဲမှာ လိုက်လံဝေငှခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက်ကိုပါကြီးကို သတ်ဖြတ်မှု အမှုမှန်ဖော်ထုတ်ပေးဖို့  ပြည်မြို့မှာ ဆန္ဒပြတာ ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ညကလည်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ ကိုသန့်ဇင်ထက်တို့က ဆန္ဒပြသခဲ့ပါတယ်။

သူတို့ ၂ ယောက်ကိုတော့ ပုဒ်မ ၁၈ နဲ့ မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆို ထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို အမှုမှန် ဖော်ထုတ်အရေးယူပေးဖို့ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့အချို့မှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီး အသတ်ခံရမှုအတွက် ဇနီးဖြစ်သူကလည်း မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့် တိုင်ကြားထားပြီး  ရုပ်အလောင်းကို မိသားစု မပါဘဲ ဖော်ပြီး စစ်ဆေးတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013