DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ ဖွံ့ဖြိုးရေးလုပ်ငန်း နိုင်ငံမူဝါဒနှင့် လွဲချော်
DVB
·
October 29, 2014
မောင်တောမြို့ ဖွံ့ဖြိုးရေးလုပ်ငန်း နိုင်ငံမူဝါဒနှင့် လွဲချော်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ စည်ပင်သာယာရေးဌာနဟာ မြို့နယ်တွင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိပဲ ဌာနတခုတည်းသဘောနဲ့ လုပ်ဆောင်နေတယ်လို့ မြို့စည်ပင်သာယာရေးကော်မတီဝင် လူကြီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

Maung Taw“မြို့ဖွံ့ဖြိုးရေးကော်မတီတွေ မသိဘဲနဲ့ မြို့နယ်စည်ပင်က လမ်းတံတားတွေကို သူ့သဘောနဲ့ လုပ်နေတယ်။ သမ္မတကအစ ပြောထားတယ်မဟုတ်လား၊ ဒီလုပ်ငန်းတွေလုပ်တဲ့အခါ တင်ဒါခေါ် လေလံတင်ပြီး စနစ်တကျလုပ်ရမယ်လို့။ အခုဟာက နိုင်ငံတော်မူဝါဒနဲ့ လွဲနေတယ်။ အခု မောင်တောမှာ ကမ်းနားလမ်းကွန်ကရစ် ခင်းနေတယ်၊ ဈေးလမ်း ကွန်ကရစ်ခင်းနေတယ်၊ ကျပ်သိန်းပေါင်း ၂၀၀၀ လောက်နဲ့ လုပ်နေတာ။ အဲ့ဒီလုပ်ငန်းတွေအားလုံး စည်ပင်ဌာနက သူ့သဘောတခုတည်းနဲ့ လုပ်နေတာ။”

မောင်တောမြို့နယ်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးဘရှိန်ကလည်း “မြို့စည်ပင်သာယာရေး ကော်မတီကိုကျော်ပြီး စည်ပင်သာယာဌာနက လုပ်နေတာ၊ မြို့သူမြို့သားတွေက သက်ဆိုင်ရာကို တင်ပြတာလည်း ဘာမှ ထိထိရောက်ရောက် လုပ်မပေးဘူး၊ လုပ်ချင်တာ လုပ်နေတာ။ ခင်းထားတဲ့လမ်းကလည်း ၁ လ ၂ လ ဆို ပျက်ပြီ” လို့ ပြောပါတယ်။

လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းလို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာ မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖ အစရှိသူတွေ ပါဝင်တဲ့ မြို့ဖွံ့ဖြိုးရေးကော်မတီက ဦးဆောင်လုပ်ဆောင်ကြဖို့ နိုင်ငံတော်က လမ်းညွှန်ချက် ချထားပေမယ့်လည်း မောင်တောမှာတော့ အခုလို စည်ပင်သာယာရေးဌာနတခုတည်းကပဲ သူ့သဘောနဲ့ သူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013