DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များကို ဆန် ၁ ကီလို တိုးပေးမည်
DVB
·
October 29, 2014
ဒုက္ခသည်များကို ဆန် ၁ ကီလို တိုးပေးမည်
Donate to DVB

ပြီးခဲ့တဲ့နှစ်က ရိက္ခာလျှော့ခံခဲ့ရတဲ့ မိသားစုတချို့ စားဝတ်နေရေး အခက်အခဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီစီ) ကနေပြီး ရိက္ခာဆန် ၁ ကီလို ပြန်တိုးပေးလိုက်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက် ပြီးတဲ့တဲ့ ၂၀၁၃  ဒီဇင်ဘာလကစလို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီက ဒုက္ခသည်တွေကို အဆင့်လိုက် သတ်မှတ်ပြီး ရိက္ခာလျော့ချမှု လုပ်ဆောင်ခဲ့ပါတယ်။

[caption id="attachment_63495" align="aligncenter" width="1280"]ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းအား မြင်တွေ့ရစဉ် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းအား မြင်တွေ့ရစဉ်[/caption]ဒီလို ရိက္ခာလျှော့တဲ့နေရာမှာ ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်သူ၊ စခန်းမှာ မိမိကိုယ်မိမိ ရပ်တည်နိုင်တဲ့၊ လိုအပ်တဲ့သူတွေနဲ့၊ အလိုအပ်ဆုံးသူတွေဆိုပြီး အဆင့်တွေ သတ်မှတ်ထားပြီး ဆန်တွေကို ၁၂၊ ၁၀ နဲ့ ၈ ကီလိုဆိုပြီး အဆင့်လိုက် သတ်မှတ်ပေးခဲ့ပါတယ်။

စခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်မိုးမိုးဝင်းက “လူထုရဲ့ တောင်းဆိုမှုလည်း ပါတာပေါ့နော့်။ တတ်နိုင်ရင်တော့ နည်းနည်းလေး ပြန်တိုးပေးဖို့ တောင်းဆိုတယ်။ ဘာလို့လဲဆိုတော့ ခါတိုင်းဆိုရင် နေ့စားလေးဘာလေး အပြင်ထွက်ပြီးလုပ်လို့ရ တယ်။ အခုက အဲလို အခြေအနေလည်းမရှိတော့ဘူး။ ဆိုတော့ လူတွေရဲ့ လိုအပ်ချက်တွေ အပေါ်ကြည့်ပြီး တကီလို ထပ်တိုးလိုက်တာပါ” လို့ ပြောပါတယ်။

ရိက္ခာတိုးပေးမှုကို လာမယ့် နိုဝင်ဘာလဆန်းကစ ပေးဆောင်မှာဖြစ်ပြီး အဓိကအားဖြင့် ရိက္ခာအနည်းဆုံးရတဲ့ သူတွေကိုသာ တိုးပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို မယ်လ၊ နို့ဖိုးနဲ့ အုန်းဖျန် ဒုက္ခသည်စခန်း ၃ ခုမှာသာ လုပ်ဆောင်မှာဖြစ်ပြီး ကျန်တဲ့ စခန်းတွေကတော့ ရိက္ခာလျော့ချမှု မရှိခဲ့တဲ့အတွက် ပုံမှန်အတိုင်း ပေးဆောင်သွားမယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး လူပေါင်း ၁ သိန်း ၃ သောင်း ကျော် ခိုလုံ နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013