DVB Logo
Home
မြန်မာသတင်း
ကော်သူးလေတပ်ဖွဲ့စည်းရေး ကရင်လက်နက်ကိုင်များ ဆုံဆည်းမြိုင်တွင် တွေ့မည်
DVB
·
October 28, 2014
ကော်သူးလေတပ်ဖွဲ့စည်းရေး ကရင်လက်နက်ကိုင်များ ဆုံဆည်းမြိုင်တွင် တွေ့မည်
Donate to DVB

ကော်သူးလေ တပ်မတော်ဖွဲစည်းခြင်းအပါဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည် ပေါင်းစည်းနိုင်ရေးနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကရင်လက် နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် ဒီကေဘီအေ ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကရင်လက်ကိုင် ပေါင်းစည်းရေး စိတ်ဝင်စားတဲ့ လူမှုအဖွဲ့အစည်းနဲ့ မီဒီယာသမားတွေ ရောက်ရှိပြီလို့ ဒီကေဘီအေ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ဖို့ ကရင်လက်ကိုင်အဖွဲ့တွေ အားလုံးကို ဖိတ်ကြားထား တယ်လို့လည်းသူက ပြောပါတယ်။

“ဖိတ်တာကတော့ တော်တော်များများကို ဖိတ်ထားပါတယ်။ လာခြင်းမလာခြင်းကတော့ သူတို့ အပိုင်းပေါ့။ အစိုးရငြိမ်းရေးကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားထားပေမယ့် အခုလောလောဆယ်အထိတော့ ဆက်သွယ်လာတာမရှိသေးဘူး။”

ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသား အစည်းအရုံး၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေးတပ်ဖွဲ့၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်းအဖွဲ့၊ ဒီမိုကရေစီကရင် အကျိုးပြု တပ်မတော် (DKBA)၊ အစိုးရ နယ်ခြား စောင့်တပ် (BGF) အဖွဲ့မှ ဗိုလ်မှူး ချစ်သူ အဖွဲ့နဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့  (KNU/KNLA) ငြိမ်းချမ်းရေး ကောင်စီ စတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေပါတယ်။

ကော်သူလေးတပ်မတော်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး  အခုလ ၂၃ ရက်နေ့ကမှာ စတင်ကျင်း ပတဲ့ ကေအန်ယူ အရေးပေါ်  ဗဟိုကော်မတီအစည်းအဝေးအတွင်း တည့်သွင်းဆွေးနွေးပြီး မူအားဖြင့် သဘောတူထားပါတယ်။

မနက်ဖြန် ကျင်းပမယ့် အစည်းအဝေးတက်ရောက်ဖို့ ကေအန်ယူဘက်က ကိုယ်စားလှယ်ရွေး ချယ်ထားပြီး ကေအန်ယူက ဆုံးဖြတ်ခဲ့တဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး ဒီအစည်းအဝေး အတွင်း တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။

ကရင်လက်နက်ကိုတွေ ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ညီညွတ်ရေးကော်မတီ တခုကို ၂၀၁၂ ခု မေက ဖွဲ့စည်းထားပြီး တဖွဲ့ကို ၃ ဦးပါဝင်ပါတယ်။ ဒီကော်မတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်ပြီး ကော်မီတီဝင် ၁၇ ဦးနဲ့အဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013