DVB Logo
Home
Lead Story
မူးယစ်ကင်းစင်ရေး ဗန်းမောက်တွင် ဆန္ဒထုတ်ဖော်
DVB
·
October 28, 2014
မူးယစ်ကင်းစင်ရေး ဗန်းမောက်တွင် ဆန္ဒထုတ်ဖော်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူ ကင်းစင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

bang maughဗန်းမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေနဲ့  သုံးစွဲသူတွေ လျော့နည်းပပျောက်ရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ခွင့်ပြုမိန့်နဲ့ အောက်တိုဘာ ၂၆ ရက်နေ့က လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပ ခဲ့တာပါ။

ဒေသခံတဦးက “ကိုယ့်ယောက်ျား ဒါနဲ့ သေရတယ်ဆိုတော့ စိတ်နာတယ်။ ယူကျုံးမရလည်း ဖြစ်တယ်။ ဒေါသလည်း ဖြစ်တယ်။ လူငယ်တွေ စွဲနေတာမှန်သမျှ မြင်ရတာ အကုန်လုံး စိတ်ထဲမှာ ဒေါသထွက်တယ်။ တော်တော်လေးကို ခံစားရတယ်။ မျက်ရည်လည်း ကျမိတယ်။ ၀မ်းလည်း ၀မ်းနည်းတယ်။ ကိုယ့်ဟာနဲ့ကိုယ် ယူကျုံးမရ မျက်ရည် ကျမိတယ်။ ကိုယ့်သားလည်း သူအဖေလို ဖြစ်မလားလို့ တော်တော်လေး  …. ရင်လဲ ရင်နာတယ်။ ကိုယ့်ဟာနဲ့ ကိုယ်” လို့ ပြောပါတယ်။

bang maugh1ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ကာကွယ်တားဆီး နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေရေး၊ တရား ဥပဒေစိုးမိုးမှု အခိုင်အမာရရှိရေးနဲ့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်ရာမှာ ဥပဒေဘောင်အတွင်းက အကူအညီရရှိရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ကြပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ကိုဝေလင်းထွဋ်က “လူငယ်တွေပဲ ဖြစ်ဖြစ်၊ လူကြီးတွေပဲ ဖြစ်ဖြစ် ဒါတွေဟာ တိုင်းပြည်ရဲ့ လူအရင်းအမြစ်တွေ ဆုံးရှုံးနေတာကို ဒီလိုပဲ ပစ်ထားမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံတော်သမ္မတကြီးပြောတဲ့ သန့်ရှင်းသောအစိုးရတို့၊ ဘာတို့ဖြစ်ဖို့ရာအကြောင်းလည်း ဘယ်လိုမှ မရှိလာပါဘူး။ နောက်တချက် ကိုယ်တဦးတယောက်တည်း ချမ်းသာဖို့အတွက် တခြားဟာတွေကို စတေးရတယ် ဆိုတာကလည်း ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း လုံးဝ မကိုက်ညီပါဘူး။ အဲလိုပဲ သွားနေရင် ကျနော်တို့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ရှိနေရင် ခပ်ညံ့ညံ့ အစိုးရနဲ့ပဲ ပြီးနေမယ်ဆိုတာကို ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဗန်းမောက်ဒေသမှာ မူးယစ်ဆေးစွဲနေသူ များနေသလို အသိတရားရလို့ ဆေးဖြတ်ချင်တဲ့ လူတွေအတွက်လည်း အခက်အခဲတွေ အများကြီး ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျီုးသမီးတဦးကလည်း “ဗန်းမောက်မှာ ထိုးသမားတွေက ပေါသထက် ပေါများလာတယ်။ သမီးတို့ ဗန်းမောက်မှာ ဖြတ်ဖို့ အဲဒီဆေးစက်ချတဲ့ဆေးက ရောက်ကို မရောက်ခဲ့တာ။ ကသာမှာတော့ ရှိတယ်။ သမီးအစ်ကို ကိုယ်တိုင်က ဆေးစက်ချတဲ့ဆေးနဲ့ သွားရောက်ဖြတ်နေရတာ။ ပိုက်ဆံကတော့ မကုန်ပါဘူး။ ဒါပေမယ့် အဲဒီမှာ နေဖို့ ထိုင်ဖို့က ကုန်တယ်။ သမီးအစ်ကိုက အခုဆို လုံးလုံး ပြတ်နေပြီ။ ဒါပေမယ့် သမီးတို့ ဗန်းမောက်က ယောက်ျားသားတွေအတွက် ထိုးသမားတွေအတွက်လေ။ ဒီဗန်းမောက်ကို လုံးဝ မရောက်သေးဖူး။ အဲဒီဖြတ်ဆေးကို၊ ဆေးစက်ချတဲ့ ဖြတ်ဆေးကို။ အဲဒီဆေးစက်ချတဲ့ ဖြတ်ဈေးကို ရောက်စေချင်လို့ သမီးတို့က ဒီဆန္ဒပြပွဲကို ပါဝင်ပါတယ်” လို့ ပြောပါတယ်။

အခုလို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို ဒေသခံလူထုတွေ ပူးပေါင်းပြီး လယ်နက်ကြီး အုပ်စု၊ နားယကာကျေးရွာ ရွာဦးစေတီမှ စတင်ကာ ဗန်းမောက်မြို့ ဗိုလ်ချုပ်လမ်းအတိုင်း မြို့ဝင်အောင်သာကုန်း မြို့ဦးစေတီထိ ဆန္ဒဖော်ထုတ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013