
လွှတ်တော်ကို လေ့လာရေးခရီးသွားခဲ့တဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) အဖွဲ့ ၀င်တွေ စီးနင်းတဲ့ကား တိမ်းမှောက်ခဲ့လို့ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
[caption id="attachment_69051" align="aligncenter" width="498"]
ဓာတ်ပုံ - မြန်မာ့အလင်း[/caption]
ရွှေကယားယာဉ်လိုင်း ခရီးသည်တင်ကားနဲ့ လွိုင်ကော်ကနေထွက်အလာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီလောက်က တပ်ကုန်းမြို့အ၀င်မှာ ကားတိမ်းမှောက်ခဲ့တာလို့ ကားပေါ်လိုက်ပါခဲ့တဲ့ UKSY အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ခွန်းဘီတူးက ပြောပါတယ်။
“ပေါင်းလောင်းအဆင်း တပ်ကုန်းမရောက်ခင် ၆ မိုင်လောက်အလိုမှာ ဘရိတ်ပေါက်သွား ပြီး ဂီယာထိုးတဲ့အချိန် ဂီယာလည်း မ၀င်တော့ ၈၀ အရှိန်နဲ့ ဆင်းသွားတာ ပထမအကွေ့ကို ကျော် သွားတယ်။ ဒါပေမယ့် ဒုတိယအကွေ့မှာ ခဲတွေ လမ်းပေါ်မှာ ရောက်တော့ ခဲတွေကို ၀င်တိုက်ပြီး ကမ်းဘက်ကို သွားတိုက်ပြီး မှောက်သွားတာ။”
ကားပေါ်မှာ UKSY အဖွဲ့ဝင်လူငယ် ၃၃ ဦး၊ ကားသမားနဲ့ ကားစပယ်ယာ စုစုပေါင်း လူ ၃၅ ယောက် လိုက်ပါ စီနင်းခဲ့တာပါ။
ကားတိမ်းမှောက်မှုကြောင့် ဒီမောဆိုမြို့နယ်က ပေါ့လူဆိုတဲ့ လူငယ် သေဆုံးပြီး ကားပေါ်လိုက်ပါသူအားလုံး အနည်းနဲ့ အများ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၄ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ ခွန်ဘီတူးက ပြောပါတယ်။
ဒဏ်ရာအပြင်းအထန်ရသူတွေကိုတော့ တပ်ကုန်း ဆေးရုံမှာ ဆေးကုသပေးနေပြီး ဒဏ်ရာအနည်းငယ်သာရသူတွေကိုတော့ လွိုင်ကော်ဆေးရုံကို ဒီကနေ့ပြန်ပို့မယ်လို့ ခွန်းဘီတူးက ဒီဗွီဘီကို ပြောပါတယ်။
ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ဟာ သင်တန်းတက်ရင်း လွှတ်တော်ကို ရွှေကယား ခရီးသည်တင် မှန်လုံယာဉ်ကို ကားစင်းလုံး ငှားပြီး သွားခဲ့တာ ဖြစ်ပါတယ်။











