ကိုပါကြီး အသတ်ခံရမှု မန္တလေးတွင် ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)

သတင်းထောက်ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီမှာ နိုင်ငံရေး အင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ၂၆×၈၀ လမ်းထောင့်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ခွင့်ပြုမိန့်တင်ခဲ့ပေမယ့် မရခဲ့တာကြောင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ဆန္ဒဖော်ထုတ်သူတွေကပြောပါတယ်။ သတင်းထောက်ကိုပါကြီး အသတ်ခံရမှုအတွက်  တပ်မတော်နဲ့အစိုးရမှာ တာဝန်ရှိတယ်လို့ ဆန္ဒဖော်ထုတ်သူတွေက ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်မှု အစပိုင်းမှာ အောင်မြေသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူးက အရေးယူမှုပြုလုပ်ဖို့ ပြောခဲ့ပေမယ့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဆန္ဒဖော်ထုတ်မှုကို ညပိုင်း ၇ နာရီလောက် ပြီးဆုံးခဲ့ပြီး ရက်ကွက်အုပ်ချုပ်ရေးပိုင်းဆိုသူက သတင်းထောက်တွေကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးမှုကြောင့် သတင်းထောက်တွေနဲ့အငြင်းပွားခဲ့ပြီး ချမ်းအေးသာဇံရဲတပ်ဖွဲ့မှူးက ဝင်ရောက်ဖျန်ဖြေပေးခဲ့ပါတယ်။ [gallery ids="69010,69011,69012,69013,69014"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up