DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းကို မိသားစုမပါဘဲ စစ်ဆေးမှုမလုပ်ရန် ဇနီးဖြစ်သူ တောင်းဆို
DVB
·
October 28, 2014
ကိုပါကြီးအလောင်းကို မိသားစုမပါဘဲ စစ်ဆေးမှုမလုပ်ရန် ဇနီးဖြစ်သူ တောင်းဆို
Donate to DVB

အစိုးရ စစ်တပ်ရဲ့  ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့  ရုပ်အလောင်းကို မိသားစု မပါဘဲ ဖော်ပြီး စစ်ဆေးတာတွေ မလုပ်ဖို့ ဇနီးဖြစ်သူ ဒေါ်သန္တာက တောင်းဆိုလိုက်ပါတယ်။

10698679_531782546954095_5038858943245032297_nကိုပါကြီး သေဆုံးမှုအတွက် မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။

သေဆုံးသူရဲ့ အလောင်းကို ဖော်ဖို့  ရဲစခန်းက စီစဉ်နေတာကို သိတဲ့အတွက် ဒေါ်သန္တာက ဖုန်းဆက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

ကျိုက်မရောရဲစခန်း ဒုရဲအုပ် သိန်းစန်းဝင်းကတော့ အလောင်းဖော်ဖို့ သက်ဆိုင်ရာ တပ်နဲ့ တာဝန်ရှိသူတွေကို စာတင်ထားပြီး မိသားစု မပါဝင်ဘဲ အလောင်းကို တူးဖော်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ထားကြောင်း ပြောပါတယ်။

ဒါ့အပြင် ကိုပါကြီးရဲ့ အလောင်းကို ပြန်ဖော်ပြီးတဲ့အခါမှ ရန်ကုန်ကို သယ်ဆောင်သွားမယ်လို့ ဇနီးဖြစ်သူက ပြောဆိုထားပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို အမှုမှန် ဖော်ထုတ်အရေးယူပေးဖို့ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့အချို့မှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013