DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
DVB
·
October 27, 2014
မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
Donate to DVB

မလေးရှားနိုင်ငံ ပီနန်းမြို့တဖက်ကမ်းရှိ ဘာတာဝပ်မြို့ (Butter worth) မှာ မြန်မာနိုင်ငံသားတဦးရဲ့ ရုတ်အလောင်းကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း  မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။

10435122_365256410317130_79940145832804792_nသေဆုံးသူဟာ ခေါင်းနဲ့ လည်ပင်း ဒဏ်ရာတွေ ရပြီး သေဆုံးခဲ့တာ လို့ ဖော်ပြထားပါတယ်။

ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆို သူရဲ့ သေဆုံးတဲ့အလောင်းကို သူနေတဲ့ အငှားအိမ်နဲ့ မီတာ ၅၀၀ လောက်မှာ တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“နာမည်အရင်းက ထွန်းနိုင် ယူအန်ကတ်မှာက မင်းမင်းလတ်ပါ။ သူဘယ်မှာနေလဲဆိုတာ သေချာမသိဘူး။ မနက်ဖြန်ကျမှ ရဲတွေနဲ့တွေ့ပြီး အတိအကျ သိရမယ်။”

သေဆုံးသူရဲ့ အလောင်းကို ဘာတာဝပ် ဆေးရုံမှာ ထားရှိတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ အသတ်မခံရခင် သူငှားနေတဲ့ အိမ်ရဲ့အနားက ဆိုင်မှာ အချင်းများမှု ဖြစ်ပွားခဲ့တယ်လို့လည်း tha sun daily သတင်းမှာ ဖော်ပြထားပါတယ်။

မေလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ လစဉ်လိုလို အသတ်ခံနေရတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ရခိုင်ပြည်နယ်မှာအတွင်း အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု စတင်ဖြစ်ပွားခဲ့တာလို့ ဦးစန်းဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၃ ခု ၅ လပိုင်းကစပြီး ၇ လပိုင်းကုန်လောက်အထိ ၉ ယောက်လောက် အသတ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ တလကို ၂ လောင်းလောက်ကတော့ အနည်းဆုံးပဲ။ နေရာတိုင်းမှာသေတယ်။  အသတ်ခံရတာပေါ့။”

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကလည်း တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဦးစန်းဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013