DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး လွှတ်တော်တွင် စတင်ဆွေးနွေး
DVB
·
October 27, 2014
ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး လွှတ်တော်တွင် စတင်ဆွေးနွေး
Donate to DVB

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများဆုံးရသူ အနိုင်ရစနစ်နဲ့ အချိုးကျကိုယ်စားပြု (ပီအာစနစ်) ကို ရောထားတဲ့ စနစ် နံပါတ် ၃ နဲ့ ၄  နှစ်မျိုးကို ကန့်ကွက် ဆွေးနွေးသွားတယ်လို့ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

Parliment 12092014ဒီစနစ် ၂ ခုဟာ ကော်မရှင် က ရွေးချယ်ဖို့အတွက် ဦးစားပေးထားတဲ့ စနစ် ၂ ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူအနိုင်ရ စနစ်ဟာ အားနည်းချက်တွေ ရှိတဲ့ အတွက် ရွေးကောက် ပွဲ စနစ် လေ့ လာသုံးသပ်ရေး ကော်မရှင်က ဒီလအတွင်း မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် စနစ် ၈ မျိုးကို လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပြီး ဒီကနေမှာတော့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက စတင်ဆွေးနွေးနေတာဖြစ်ပါတယ်။

“အန်အယ်လ်ဒီက လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူအနိုင်ဆိုတဲ့ စနစ်က လွယ်လည်း လွယ်တယ်၊ ပြည်သူလူထုထဲမှာလည်း ရှင်းလင်းမြင်သာတယ်။ ပြည်သူလူထုရဲ့ တောင်းဆိုချက်လည်း မပါသေးတဲ့အတွက်ကြောင့်မို့လို့ ဒီစနစ်ကို မပြောင်းလဲပဲ ဆက်လက်ကျင့်သုံးသင့်တယ်လို့ သဘောထားပြုတာပေါ့” ဦးရဲထွန်းက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့က ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးအတွက် ကြားနေ ဆွေးနွေးတာတွေ ရှိသလို တချို့ကတော့ ကော်မရှင်က တင်ပြတဲ့ စနစ်တွေကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကြားနေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို တင်ပြခဲ့တာဖြစ်ပြီး နံပါတ် ၁ က လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးသူ အနိုင်ဆိုတဲ့ စနစ် နံပါတ် ၂ အချိုးကျကိုယ်စားပြု စနစ်တို့ဖြစ်ပါတယ်။

နံပါတ် ၃ ကတော့ လက်ရှိစနစ်အတိုင်း ရွေးကောက်ပွဲကျင်းပမှာ ဖြစ်သလို ၅၀ ရာခိုင်နှုန်းကျော်ရတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမှာ ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကျော် မရတဲ့ မြို့နယ်တွေမှာ မဲတွေကို တိုင်းဒေသကြီးအလိုက် ပေါင်းပြီး ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ ပါတီလိုက်ရတဲ့နေရာတွေ အချိုးကျ ခွဲယူတဲ့ စနစ်ဖြစ်ပါတယ်။

နံပါတ် ၄ ကတော့ နံပါတ် ၃ နဲ့တူပေမယ့် ၅၀ ရာခိုင်နှုန်းကျော် နိုင်သွားပြီးသား မြို့နယ်တွေက ရှုံးတဲ့ကိုယ်စားလှယ်တွေရဲ့ မဲတွေကို ထည့်တွက် အချိုးချတာလည်း ဖြစ်ပါတယ်။

နံပါတ် ၅၊ ၆၊ ၇၊ ၈ ကတော့ မဲအများဆုံးရသူ အနိုင်နဲ့ ပီအာစနစ်ကို မဲပေးတဲ့စနစ်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။

ဒီဆွေးနွေးနေတဲ့ စနစ်တွေဟာ ပြည်နယ် ဒေသကြီး ၇ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013