DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအမှု လိုအပ်ရင် တရားဥပဒေအရ ကူညီပေးမည်ဟု အန်အယ်လ်ဒီပြော
DVB
·
October 27, 2014
ကိုပါကြီးအမှု လိုအပ်ရင်  တရားဥပဒေအရ ကူညီပေးမည်ဟု အန်အယ်လ်ဒီပြော
Donate to DVB

စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီးအမှုအတွက် လိုအပ်ရင်  တရားဥပဒေအရ အကူအညီပေးမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။

လူတယောက် ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တာဟာ  ဥပဒေရ လုပ်ဆောင်လို့ မရကြောင်းနဲ့ အမှုအပေါ်မှာသာ မူတည်ပြီး တရာဥပဘောင်အတွင်းကသာ ဆုံးဖြတ်လုပ် ဆောင်ရမယ်လို့ ပြောပါတယ်။

“ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တယ် ဆိုလို့ရှိရင်တော့ ဒါအလွန်ဆိုးတဲ့ ကိစ္စကြီးပေါ့။ ဒါက ဥပေဒကို ဖောက်ဖျက်ကျူးလွန်ရာလည်း ရောက်ပါတယ်“ လို့ ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။

ကိုပါကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ရဲ့ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးမှာ ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။  ဒီနောက်ပိုင်းမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်အထိ အလွတ်သတင်းထောက်အဖြစ် ရပ်တည်ပြီး  ပြည်တွင်း ထုတ် ဂျာနယ် အနည်းဆုံး ၃ စောင်လောက်မှာ သတင်းဆောင်းပါတွေ ပေးပို့နေသူဖြစ်တယ်လို့ သူ့ရဲ့ ဇနီး မသန္တာက ဒီဗွီဘီကို ပြောပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013