DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး အသတ်ခံရမှု အရေးယူပေးရန် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်
DVB
·
October 27, 2014
ကိုပါကြီး အသတ်ခံရမှု အရေးယူပေးရန် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို ဖော်ထုတ် အရေးယူပေးဖို့ ပဲခူးတိုင်း ပြည်မြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညက ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ပါတယ်။

10698679_531782546954095_5038858943245032297_nအလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို ဖော်ထုတ်အရေးယူပေးဖို့  တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ ကိုသန့်ဇင်ထက်တို့ ၂ ယောက်က ပြည်မြို့လယ် မြင်းစီး ကျောက်ရုပ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက “အလွတ်သတင်းထောက် ကိုပါကြီးကို ရက်ရက်စက်စက် စစ်အစိုးရက သတ်သွားတဲ့ကိစ္စကို တို့တွေ မကျေနပ်ဘူး။ ဒါကြောင့်မို့ သဘောထား ဖော်ထုတ်တာ။ အစိုးရကို ဆန့်ကျင်တာ မဟုတ်ဘူးနော်။ ဘယ်သူ့ကိုမှ မဆန့်ကျင်ဘူး။ ဖယောင်းတိုင် ၄ တိုင်နဲ့ လူ ၂ ယောက်ပဲ” လို့ ပြောပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းမထုတ်ပြန်ခင် ရက်ပိုင်းမှာ ဇနီးဖြစ်သူက သူ့ကို ဖမ်းထားတဲ့ ၂၀၈ တပ်ရင်းကို သွားရောက် မေးမြန်းခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှာလည်း သွားရောက် စုံစမ်းခဲ့တဲ့အခါ တွေ့ခွင့်ပေးမယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာမှ သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ကိုသန့်ဇင်ထက်က “စစ်အာဏာရှင်ဟာ ဘယ်တော့မှ တိုင်းပြည်အပေါ်မှာလည်း အမျိုးမျိုး ဖိနှိပ်ခဲ့တာ စစ်အာဏာရှင်ရဲ့ လုပ်ငန်းတရပ် ဖြစ်တယ်။  ဒါကို ကျနော်တို့က ဒီနေ့ ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းရင်းက တကမ္ဘာလုံးမှာ ရှိတဲ့ အာဏာရှင် အားလုံးဟာ ကျဆုံးသွားကြတာ များတယ်။ ဒါပေမယ့် မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ဒီနေ့အချိန်ထိ ရှိနေသေးတာဟာ ကိုပါကြီးကို သတ်ဖြတ်တဲ့အပေါ်မှာ သက်သေပြနေခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ ခွင့်ပြုမိန့်မတင်ပဲ ဆန္ဒပြသူတွေ ဖြစ်လို့ ပုဒ်မ ၁၈ နဲ့ အရေးယူ မယ်လို့ ပြည်မြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

အခု ဆန္ဒပြသူ ၂ ယောက်ထဲက တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးဟာ ပုဒ်မ ၁၈ နဲ့ ၃ ကြိမ်အထိ အရေးယူခံခဲ့ရပြီးသူပါ။

ကိုသန့်ဇင်ထက်ကတော့ နတ္တလင်းမြို့ လယ်ယာမြေကိစ္စအတွက် ပုဒ်မ ၆၊ ၅၀၅/ခ နဲ့ ပေါင်းတည်ထောင်မှာ အချုပ်ခံခဲ့ရပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကာ ပြန်လည်လွတ်မြောက်ခဲ့သူပါ။

လက်ရှိမှာ သဲကုန်းလယ်ယာမြေကိစ္စအတွက် ပုဒ်မ ၅၀၅/ခ၊ ပုဒ်မ ၁၈ တွေနဲ့ အရေးယူ ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013