တောင်အာဖရိက ဘောလုံးအသင်းခေါင်းဆောင် သေနတ်ပစ်ခံရမှုကြောင့် သေဆုံး

တောင်အာဖရိက လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင် ဆန်ဇို မေရာဝါဟာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် မနေ့က သေဆုံးသွားခဲ့ပါတယ်။ မေရာဝါဟာ ဆေးရုံရောက်မှ သေဆုံးသွားခဲ့တာပါ။ Senzo Meyiwaဆန်ဇို မေရာဝါဟာ ဂျိုအန်နက်စ်ဘတ်မြို့က ချစ်သူဖြစ်သူရဲ့ နေအိမ် မှာ ရောက်ရှိနေတုန်း သေနတ်သမား ၂ ဦးက ၀င်ရောက် ပစ်ခတ်တာလို့ တောင်အာဖရိက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ အိုလန်ဒို ပိုက်ရိတ်စ် အသင်းမှာ ကစားနေပြီး တောင်အာဖရိကအသင်းရဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားပေးနေသူလည်း ဖြစ်ပါတယ်။ သူဟာ အောက်တိုဘာ ၂၅ ရက်နေ့တုန်းက ကလပ်အသင်းအတွက် တောင်အာဖရိကဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို နောက်ဆုံး ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up