တယ်လီနော ဆင်းကတ်များ ရန်ကုန်မြို့တွင် စတင်ရောင်းချ

ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီကနေ မိုဘိုင်းဆင်းကတ် ၁ သန်းကို အောက်တိုဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ရောင်းချပေးနေပါတယ်။ မှောင်ခိုဈေးကွက်ဖြစ်ပေါ်မလာဖို့အတွက် ပုံမှန်ရောင်းချဈေး ၁၅၀၀ ကျပ်နဲ့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ၁ ကတ်နှုန်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ တယ်လီနော ဆင်းကတ်တွေကို စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက စတင် ရောင်းချပေးခဲ့တာပါ။ လောလောဆယ်မှာ အော်ရီဒူးက ရောင်းချတဲ့ ဆင်းကတ်တွေ ခေါ်ဆိုရတာ အခက်အခဲ ရှိနေတဲ့အတွက် တယ်လီနောက စောင့်ကြည့်သုံးစွဲရမယ့် အနေအထား ဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုနေကြပါတယ်။ [gallery ids="68862,68863,68864"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up