ယူကရိန်းသမ္မတဟောင်း ရာထူးက ဖယ်ရှားခံရပြီးနောက် ရုရှားကို ထွက်ပြေးနိုင်အောင် ကူညီခဲ့ဟု ပူတင် ပြော

ရုရှားသမ္မတ ပူတင် (ဓာတ်ပုံ - ရိုက်တာ)
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျကို အကြမ်းဖက် လမ်းပေါ် ဆန္ဒပြပွဲတွေကြောင့် ရာထူးက ဖယ်ရှားခံရအပြီး ရုရှားကို ထွက်ပြေးလာနိုင်အောင် ကူညီခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ [caption id="attachment_64200" align="alignright" width="300"]ရုရှားသမ္မတ ပူတင် (ဓာတ်ပုံ - ရိုက်တာ) ရုရှားသမ္မတ ပူတင် (ဓာတ်ပုံ - ရိုက်တာ)[/caption]ဒီအချက်ကို ကွယ်ဝှက်ထားမှာ မဟုတ်ဘူးလို့လည်း နိုင်ငံရေး ပညာရှင်တွေနဲ့ နှစ်စဉ်ညီလာခံ အတွင်း ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရကိုလည်း တဖက်သတ် ပြည်ပအမိန့်ကြောင့် ပြည်သူတွေ နာခံရတဲ့ အမိန့်ကို ချမှတ်ပြီး ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သူရဲ့ မိနစ် ၄၀ မိန့်ခွန်းအတွင်း ပြောဆို စွပ်စွဲလိုက်ပါတယ်။ ကိုဆိုဗိုနဲ့ ခရိုင်းမီးယား လူထုဆန္ဒခံယူပွဲတွေအပေါ် နိုင်ငံတကာ တုံ့ပြန်ချက် ဘယ်လိုကွဲပြားလဲ ဆိုတာကိုလည်း အသားပေး နှိုင်းယှဉ်ပြောဆို သွားပါတယ်။ အသက် ၆၂ နှစ်ရှိတဲ့ ပူတင်ဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားနယ်ကို ကျူးကျော်သိမ်းပိုက်အပြီး ရုရှားနိုင်ငံတွင်းမှာ လူကြိုက်များမှု တိုးလာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up