DVB Logo
Home
မြန်မာသတင်း
ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဘန်ကောက်တွင် အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေစဉ် သေဆုံး
DVB
·
October 25, 2014
ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဘန်ကောက်တွင် အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေစဉ် သေဆုံး
Donate to DVB

ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဂျွိုင်း နိုအာ ဝီလျံဟာ ဘန်ကောက်မြို့ အလှပြင်ဆေးခန်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေတုံး သေဆုံးခဲ့ပါတယ်။

Thaiဘန်ကောက်လူနေရပ်ကွက် ဖြစ်တဲ့ လဒ်ဖ ရာအို ရပ်ကွက်ထဲက SP အလှအပဆိုင်ရာ ခွဲစိတ်ဆေးခန်းမှာ အသက် ၂၄ နှစ်အရွယ် ဝီလျံရဲ့အလောင်းကို တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆိုင်ရှင် အသက် ၅၀ အရွယ် ဆွန်ပေါ့ ဆာအန်စီရီနဲ့ ဝီလျံကိုခွဲစိတ်တဲ့ ဆရာဝန်ကို စစ်မေးရာ မှာတော့ မေ့ဆေးပေးထားလို့ သတိလစ်အပြီး သူ့ကို သတိပြန်လည်လာအောင် လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း သက်သေခံတယ်လို့ ရဲက ပြောပါတယ်။

ဝီလျံဟာ တင်ပါးပိုကြီးအောင် ပစ္စည်းထည့်ဖို့ ဆေးခန်းကို အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်က လာခဲ့တယ်။ အဲဒီနောက် ခွဲစိတ်ခံဖို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြန်လာခဲ့တာလို့ ဆေးခန်းဝန်ထမ်းတွေက ပြောပါတယ်။

ရဲတွေကတော့ ဆိုင်ရှင်ကို လျစ်လျူရှုမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။ ပြစ်မှုထင်ရှားရင် ဆိုင်ရှင်ဟာ ထောင်ဒဏ်အများဆုံး ၁၀ နှစ် ကျခံရနိုင်ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ အလောင်းကို ရဲမှုခင်းဆေး ပညာဌာနဆီ ပို့ပြီးပြီလို့ ရဲက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013