DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တပတ်အတွင်း စည်းကမ်းပျက်ယာဉ်စီးရေ ၁၀၀၀၀ ကျော် အရေးယူ
DVB
·
October 25, 2014
ရန်ကုန်တွင် တပတ်အတွင်း စည်းကမ်းပျက်ယာဉ်စီးရေ ၁၀၀၀၀ ကျော် အရေးယူ
Donate to DVB

ရန်ကုန်က စည်းကမ်းပျက်ယာဉ်တွေကို အရေးယူတာမှာ ဒီတပတ်အတွင်း ဖမ်းဆီးမှု အမျိုးအစားပေါင်း ၁၂၀၀၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

Police-2စီမံချက်အနေနဲ့ ညာစွန်လမ်းကြောက မမောင်းတဲ့ လိုင်းကားတွေကိုအရေးယူတာ၊ ညာဘက် လမ်းကြောမှာ ၀င်မောင်းတဲ့ တခြားကားတွေကို အရေးယူတာ၊ မြို့တွင်းကိုဝင်တဲ့ အဝေးပြေး ယာဉ်တွေကို အရေးယူတာနဲ့ နယ်ကျော်ကားတွေကို အရေးယူတာရှိနေတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီယာဉ်တွေကို မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၃၁ (က)၊ ၁၃၁ (ခ)၊ ပုဒ်မ ၂၄ တို့နဲ့ အရေးယူတာဖြစ်တဲ့အတွက် ဒဏ်ကြေး ၁၅၀၀ ကျပ်ပဲပေးဆောင်ရတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ မှတ်ပုံတင်ယာဉ်စီးရေ ၆ သိန်းလောက်ရှိနေပြီး ယာဉ်ထိန်းရဲ အင်အားကတော့ ၁၀၀၀ ကျော်ပဲ ရှိတာပါ။

အဲဒီထဲက တခြားတာဝန်တွေကို ထမ်းဆောင်ရသူတွေ ရှိနေတဲ့အတွက် ၅၀၀ ကျော်လောက်ပဲ လမ်းပေါ်မှာ ယာဉ်ကြောရှင်းတဲ့တာဝန်ကို ထမ်းဆောင်နိုင်တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013