DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအမျိုးသမီးများ ငြိမ်းချမ်းရေးဆုလက်ခံရယူ
DVB
·
October 24, 2014
ဘန်ကောက်တွင် မြန်မာအမျိုးသမီးများ ငြိမ်းချမ်းရေးဆုလက်ခံရယူ
Donate to DVB

၂၀၁၄ ခုနှစ်အတွက် N Peace ငြိမ်းချမ်းရေးဆုရရှိတဲ့ ဆုရှင်တွေကို ဒီကနေ့ ထိုင်း နိုင်ငံဘန်ကောက်မြို့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်ပေးအပ်ခဲ့ရာမှာ မြန်မာနိုင်ငံက ဆုရရှိတဲ့ မြန်မာအမျိုးသမီး မဝေေ၀နုနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်က နော်အုန်းလှတို့ဆု လက်ခံရယူခဲ့ကြပါတယ်။

10650053_594351800694083_4047572403958805615_nကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ် အတွက် မြန်မာနိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့နဲ့ တဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသား အရေးလှုပ်ရှားသူ မွန်အမျိုးသမီး မိခင်ခင်ကြူတို ရရှိခဲ့ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရးကို လှုံ့ဆော်ပေးတဲ့အနေနဲ့ ချီးမြှင့်တဲ့ဆုပေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတာမှာ မြန်မာအမျိုးသမီးတွေလည်း ဘန်ကောက်ကိုရောက်ရှိပြီး ဒီညမှာ ဆုတွေ လက်ခံရယူမှာ ဖြစ်ပါတယ်။ ဆုရရှိတဲ့ နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုကတော့ ဆုရရှိတဲ့အပေါ် အခုလို ပြောပါတယ်။

“ပထမဆုံးတော့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ နိုင်ငံက အပြောင်းအလဲကာလဖြစ်နေတဲ့အခါမှာ ကျမတို့မှာ အားပေးထောက်ခံမှုတွေ အများကြီး လိုအပ်တယ်လေ။ နောက်ပြီးတော့ ဒေသတခွင်ကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ နိုင်ငံက အများကြီးနောက်ကျနေသေးတယ်လေ။ ကျမတို့မှာ အားပေးထောက်ခံမှုတွေ အသိအမှတ် ပြုမှုတွေ အများကြီး လိုတယ်လေ။ ဒီလိုမျိုးဆုတခု ရတယ်ဆိုတော့ ၀မ်းသာပါတယ်။ နောက်တခုက ကျမတို့ကို အသိအမှတ်ပြုမှုတခုကို ခံရတယ်လို့လဲ သတ်မှတ်တယ်။ ဘာပဲပြောပြော ဒီလိုမျိုး ရရှိမှုဟာ တခြား လူငယ်တွေအတွက် အားတက်စရာတခုလို့လဲ မြင်ပါတယ်။ ကျမအနေနဲ့လည်း ရှေ့ဆက်ပြီးတော့ ဒီထက်မက ပိုပြီး တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေး၊ တရားမျှတရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

မဝေေ၀နုဟာ ငြိမ်းချမ်းရေးနဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သလို နိုင်ငံရေး အကျဉ်းသူဟောင်းလည်း ဖြစ်ပါတယ်။ သူ့အသက် ၁၈ နှစ်မှာ ဖခင်ဖြစ်သူက ဒီမိုကရေ စီရေး အတွက် နှစ်ရှည်ထောင်ချပြီးနောက် မိခင်အပါအ၀င် မောင်နှမတစ်စုနဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်အထိ အပြစ်ပေးခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်လာပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး တိုးမြှင့်ဆောင်ရွက်ဖို့ သံန္ဓိဋ္ဌာန်ချပြီး လှုပ်ရှားသူ ဖြစ်ပါတယ်။

ဆုရရှိသူတွေထဲက N peace award Thinking outside the box လို့ ခေါ်တဲ့ ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆု ရရှိတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က နော်အုန်းလှ ရရှိခဲ့ပါတယ်။

ဒီဆုရရှိတဲ့ပေါ်မှာ နော်အုန်းလှကတော့ တိုင်ပြည် ငြိမ်းချမ်းရေးရအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ဒီဆုနဲ့ ပတ်သက်လို့ အန်တီတို့က နဂိုကတည်းက ဒီအလုပ်တွေက လုပ်ရမယ့်အလုပ်တွေလဲ ဖြစ်တယ်။ နောက်ပြီးတော့ အန်တီတို့နိုင်ငံမှာ အခုအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်နေဆဲ ပဲဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ။ အဲဒါကြောင့်မို့လို ဒီလိုမျိုးလူထုတွေအတွက်က လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိသေးတယ်။ နဂိုကတည်းက အန်တီတို့ ရည်ရွယ်ချက်က ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ရေးပါတယ်။ ဒီမိုကရေစီရေး ပါတယ်။ လူ့အခွင့်အရေးနဲ့ တန်းတူအခွင့်အရေးပါတယ်။ ဖိနှိပ်ခံအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေးပါတဲ့အတွက် ဒီဟာကိုလည်း ဆက်လက် လုပ်ရမှာပဲဖြစ်ပါတယ်။”
Peace Network အဖွဲ့ဟာ အာရှနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်နေသူ အမျိုးသမီးတွေကို ဆုချီးမြှင့်နေတာမှာ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက အဆိုတင်သွင်းခံရသူ ၁၀ ဦးရှိပါတယ်။

N-Peace Award ဆုကို ၂၀၁၁ ခုနှစ်ကစလို့ နှစ်စဉ်ချီးမြှင့်နေပြီး၊ သြစတေးလျ နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID က ပံ့ပိုးကူညီနေပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ဆုတွေမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတို့က အမျိုးသမီး ၁ ဦးစီ၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က အမျိုးသား ၁ ဦးစီ ရရှိကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013