Home
မြန်မာသတင်း
ထားဝယ်စီးပွားရေးဇုန်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြေရှင်ပေးရန် တောင်းဆို
နော်နိုရင်း
·
October 23, 2014
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းလိုက်ကြပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ဆက်နွှယ်ပြီး ဒေသခံတွေ အခွင့်အရေးချိုးဖောက်ခံနေရမှုကို ဖြေရှင်းပေးဖို့ ဒေသခံလူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန် စတင်အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း လမ်းဖောက်လုပ်မှုကြောင့် ဒေသခံတွေရဲ့ ဥယျဉ်ခြံမြေတွေ ပျက်စီးတာ၊ ဒေသခံတွေ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ လယ်မြေနဲ့ သဘာဝ အရင်းအဖြစ်ပျက်စီးတာ အပြင် လျော်ကြေးပေးမှုမှာလည်း ချစားမှုတွေရှိခဲ့တယ်လို့  ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (ဒီဒီအေ) က ထောက်ပြထားပါတယ်။ “ဒီစီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့်သူတွေအများကြီးပဲ။ မပြောင်းရသည့်တိုင်အောင် ဘာတွေထိခိုက်လဲဆိုတော့ စိုက်ပျိုးမြေတွေပါသွားတယ်။ လူ ၈၀ ရာခိုင်နှိုင်းက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့လူတွေ။ အဲဒီမှာ လျော်ကြေးလို့ ပြောရင် ပိုက်ဆံပဲ စဉ်းစားထားကြတယ်။ မြေယာ ပြန်အစားထိုးပေးတာ၊ စိုက်ပျိုးရေးအတွက် ပြန်ပြီး စဉ်းစားပေးတာ လုံးဝ မရှိခဲ့ဘူး။ နောက်တခုက ရွှေ့ပြောင်းတဲ့အခါမှာ သောက်သုံးရေ၊ လျှပ်စစ်မီးကိစ္စ မစဉ်စားခဲ့ဘူး။ ထားဝယ်အရှေ့ပိုင်းကလူတွေဆိုရင် ချောင်းရေကို အမီပြုနေရတဲ့သူတွေပါ။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော ချောင်းရေကို အဓိက အသုံးပြုဆောက်ရတယ်။ ဒါကြောင့် ဒီကိစ္စ ရွာသားတွေသွားပြောတော့ ရေတွင်း ၂ တွင်းလာတူးပေးတယ်။ အဲဒီ ၂ တွင်းက လုံးဝ သုံးမရဘူး။ နောက် သောက်ရေပါ အခက်အခဲဖြစ်တယ်” ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ဦးရဲလင်းမြင့် ပြောဆိုပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းတွေကြောင်း ရွာပေါင်း ၂၀ ကနေ ၃၆ ရွာအထိ ထိခိုင်နိုင်မယ်လို့ ခန့်မှန်းရကြောင်းနဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖောက်သူတွေဟာ သင့်လျော်တဲ့ နိုင်ငံတကာ၊ ဒေသတွင်းနဲ့ ပြည်တွင်း ဥပေဒစံချိန်စံညန်းတွေနဲ့ လုံလောက်တဲ့ အစားအစာ အိမ်ရာ၊ ဒေသခံတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ပျက်ကွဲခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါကြောင့် ဒီပြဿ    နာတွေကို စီမံကိန်းအကောင်အထည်ဖော်သူတွေအနေနဲ့ အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တုန်းက ထိုင်းဝန်ကြီးချုပ် မစ္စတာ ပရာယုချိန်အိုချာ မြန်မာနိုင်ငံကို ရောက်ရှိစဉ် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်အကောင်အထည်ဖောက်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးသဘောတူခဲ့ပါတယ်။ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ဒီစီမံကိန်းကို လာမယ့် နိုဝင်ဘာလအတွင်း ပြန်လည် အကောင်အထည်ဖော်ဖို့ရှိတယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံစီး ပွားရေးပူးပေါင်းဆောင်ရွက်မှုအဖြစ်  အကျိုးတူလုပ်ဆောင်ခဲ့တာပါ။  ၂၀၁၀ ပြည့်နှစ်မှာ အီတာလျံထိုင်း ကုမ္ပဏီကို နှစ် ၆၀ လုပ်ပိုင်ခွင့်နဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခွင့်ပေးခဲ့ပါတယ။ ၂၀၁၃ ခုနှစ်လယ်လောက်မှာတော့ အီတာလျံထိုင်းကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းပြီး နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်တဲ့ စီမံကန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နှစ်နိုင်ငံ အစိုးရ ထက်ဝက်စီ ပိုင်ဆိုင်တဲ့ ပင်မကုမ္ပဏီ (SPV) ကို ထူထောင်လိုက်ပြီး ဒီကုမ္ပဏီကပဲ ထားဝယ်စီမံကိန်းကို တိုက်ရိုက်အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿ နာအရပ်ရပ်ဟာ ထိုင်းနဲ့ မြန်မာအစိုးရတွေမှာ တာဝန်ရှိတယ်လို့လည်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024