ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရ

1K
ချန်ပီယံလိဂ် အုပ်စု တတိယမြောက်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
လီဗာပူး အိမ်ကွင်းမှာ နှစ်သင်းစလုံးက အမာခံ စကားသမားတွေ လူစုံနီးပါးထုတ်ကစားခဲ့ပြီး ပွဲချိန်အစက အဆုံးအထိ ရီးရဲလ်ဘက်က လီဗာပူးကို ဖိကစားခဲ့ပါတယ်။
ရီးရဲလ်အတွက် ဗွေဆော်ဦး ဂိုးကို ၂၃ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်အတွက် ပွဲဦးထွက် သွင်းဂိုးဟာ ရော်နယ်ဒိုအတွက်လည်း ချန်ပီယန် လိဂ်ပွဲစဉ်တွေမှာ ဂိုး ၇၀ မြောက် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
နောက်ထပ် ၇ မိနစ်အကြာမှာပဲ ဘင်ဇီမာက ခေါင်းတိုက်သွင်းယူပြီး၊ ပထမပိုင်း ပြီးခါနီး ၄၂ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ဘင်ဇီမာကပဲ နောက် ၁ ဂိုး ထပ်သွင်းပေးခဲ့ပါတယ်။
ပထမပိုင်းမှာ ရီးရဲလ်က လီဗာပူး ဂိုးပေါက်ထဲကို လေးကြိမ် ကန်သွင်းခွင့်ရတဲ့အထဲက သုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၆၃ မိနစ်မှာ ရော်နယ်ဒို အနီးကပ်ကန်သွင်းခွင့်ရပေမယ့် လစ်ဗာပူး ဂိုးသမား မစ်ဂနိုလက်က ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗားပူး နောက်တန်းဟာ ရီးရဲလ်ထိုးစစ်ကို မကာကွယ်နိုင်သလို၊ တိုက်စစ်မှူးတွေကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
အာဆင်နယ်နဲ့ အန်ဒါလက်ခ်ျပွဲမှုာတော့ ပွဲချိန် ၈၉ မိနစ်အထိ အန်ဒါလက်ခ်ျက ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၈၉ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ အာဆင်နယ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်လိုက်ပါတယ်။
