ကနေဒါ လွှတ်တော်တွင် သေနတ်ပစ်ခတ်မှုဖြစ်

ကနေဒါ လွှတ်တော်မှာ မနေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သနတ်သမားကိုတော့ နေရာမှာပဲ အသေဖမ်းဆီးနိုင်လိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ Armed RCMP officers head in to Centre Block on Parliament Hilll following a shooting incident in Ottawaသေနတ်သမားဟာ လွှတ်တော်ထဲကို မ၀င်ခင်မှာ အနီးနားက စစ်ပွဲအောက်မေ့ဖွယ် အဆောက်အဦနားမှာ စစ်သားတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ စစ်သားလည်း သေနတ်ဒဏ်ရာနဲ့ အော်တာဝါ Ottawa ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ ကနေဒါနိုင်ငံ မြို့လယ်ခေါင်မှာ တည်ရှိတဲ့ လွှတ်တော်ထဲ အခုလို သေနတ်ပစ်ခတ်မှု ပေါ်ပေါက်တာကြောင့် ရဲအဖွဲ့ဟာ မယုံကြည်နိုင်အောင် ဖြစ်နေပါတယ်။ [caption id="attachment_68667" align="aligncenter" width="429"]ကနေဒါဝန်ကြီးချုပ် (၀ဲ) ကနေဒါဝန်ကြီးချုပ် (၀ဲ)[/caption] သေနတ်သမားဟာ လွှတ်တော်တွင်းမှာ သေနတ်အချက်ပေါင်း အနည်းဆုံး ၃၀ ကို ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ ကနေဒါ ၀န်ကြီးချုပ် စတီဖင် ဟပ်ပါကလည်း လွှတ်တော် အစည်းအဝေးခန်းမထဲမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ နောက်တော့ ၀န်ကြီးချုပ်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး လွှတ်တော်ကိုလည်း လုံခြုံရေးတွေက ပိတ်ထားလိုက်ပါတယ်။ Armed RCMP officers guard the front of Langevin Block on Parliament Hilll following a shooting incident in Ottawaသေနတ်သမားဟာ တယောက်တည်းလားဆိုတာ မသေချာတဲ့အတွက် လွှတ်တော်အနီးတ၀ိုက်မှာ ရဲတွေက ရှာဖွေရေးတွေကို ဆက်လုပ်နေပါတယ်။ သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာရယ်၊ ဘာကြောင့် အခုလို လွှတ်တော်အတွင်းထဲထိ ၀င်ပြီး ပစ်ခတ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုအဖြစ်အပျက် မတိုင်ခင် နှစ်ရက်ကလည်း မွန်ထရီရယ်မြို့ (Montreal) မှာ အစ္စလာမ်ဘာသာဝင်ပြောင်းထားသူတယောက်က ရဲနှစ်ယောက်ကို ကားနဲ့ ၀င်တိုက်ခဲ့လို့ ရဲတယောက် သေဆုံးခဲ့ပါတယ်။ နောက်တော့ သူ့ကို ရဲက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အခုလို အခြေအနေတွေကြောင့် အော်တ၀ါ (Ottawa) မြို့ခံတွေ ပစ်ခတ်မှုဖြစ်တဲ့  မြို့လယ်ခေါင်ကို မထွက်ကြဖို့ လုံခြုံရေးအရာရှိတွေက သတိပေးထားပါတယ်။

More News
Up