Home
မြန်မာသတင်း
အလိမ်ခံရငွေများ ပြန်ရရေး မြန်မာအလုပ်သမားများ ချီတက်တောင်းဆို
နန်းမြနဒီ
·
October 23, 2014
10689961_1512898122300103_6193536347161370332_n
10447621_1512895915633657_1121997110394915916_n
1619172_1512899078966674_3186850321237450051_n
ထိုင်းနိုင်ငံ ဘန်ကောက်က ကုမ္ပဏီတခုမှာ အစုရှယ်ယာငွေတွေ သန်းနဲ့ချီ အလိမ်ခံရတဲ့ အလုပ်သမားတွေ ရာနဲ့ချီ လာရောက် စုရုံးပြီး ထိုင်းဒုစရိုက်နဲ့မှုခင်းနှိမ်နင်းရေး ဗဟိုဌာနကို ချီတက်တောင်းဆိုခဲ့ကြပါတယ်။ [caption id="attachment_68661" align="aligncenter" width="430"]အလိမ်ခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - တွဲလက်ညီ) အလိမ်ခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - တွဲလက်ညီ)[/caption] ဘန်ကောက်က  မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၇၀၀ ကျော်ဟာ အလိမ်ခံရတဲ့ငွေတွေ ပြန်ရရေး၊ ငွေလိမ်သွားတဲ့ ကုမ္ပဏီနဲ့တကွ ဆက်နွှယ်သူတွေကို တရားဥပဒေအရ အရေးယူပေးရေးအတွက် အောက်တိုဘာလ ၂၂ ရက်က ထိုင်းနိုင်ငံ ဒုစရိုက်နဲ့မှုခင်းနှိမ်နင်းရေး ဗဟိုဌာနကို ချီတက်ခဲ့တယ်လို့  ငွေလိမ်ခံရသူထဲက တဦးအပါအ၀င်ဖြစ်တဲ့ ဦးကျော်လင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ 10447621_1512895915633657_1121997110394915916_n“မနက် ၈ နာရီလောက်က စခဲ့တယ်။ ထိုင်းနိုင်ငံ ထိုင်းဒုစရိုက်နဲ့မှုခင်းနှိမ်နင်းရေးရုံးမှာ လူပေါင်း ၇၀၀ ကျော်ကို စစ်ဆေးနေပါတယ်။ တယောက်ချင်းကို စစ်တယ်။ စာချုပ်စာတမ်းတွေ၊ အထောက်အထားတွေ အကုန်လုံးရှိတဲ့အတွက် ကျနော့်ကိုမေးတာ ကျနော်ပြောပြတယ်။ ကျနော်ဆုံးရှုံးသွားသောငွေ အားလုံးပေါင်းလိုက်တော့ ၈၄၉၆၀ ပါခင်ဗျ။” 10689961_1512898122300103_6193536347161370332_nဘန်ကောက်မြို့ ဘန်ဘော်ရပ်ကွက်ထဲမှာရှိတဲ့ ဆန်ကျောက်ပိန်း SUNJAOPING ကုမ္ပဏီဟာ သူတို့ကုမ္ပဏီရှယ်ယာထဲကို ဘတ် ၁ သောင်း ထည့်ဝင်ရင် လေးလပြည့်တဲ့အခါ အတိုးငွေ ဘတ် ၄ သောင်းရမယ်လို့ မက်လုံးပေးခဲ့တဲ့အတွက် အလုပ်သမားတွေ အများအပြား စိတ်ဝင်စားပြီး ငွေထည့်ဝင်ခဲ့ကြောင်း၊ ၄ လကျော်လာတဲ့အခါ အတိုးမရတဲ့အပြင် အရင်းပါ ပြန်တောင်းလို့ မရတဲ့အတွက် ဒီကိစ္စကို အရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့တာလို့ သူကဆက်ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်းကနေစပြီး အစုရှယ်ယာထည့်ဝင်သူ အလုပ်သမားပေါင်း ၂ ထောင်ကျော်ရှိတဲ့အတွက် အလိမ်ခံရတဲ့ငွေ စုစုပေါင်းဘတ် သန်း ၃၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီထဲ ရှယ်ယာငွေထည့်ပြီးရင် ကုမ္ပဏီက ရောင်းချတဲ့  ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ အလှဆီ အစရှိတဲ့ အလှကုန်ပစ္စည်းတွေ ဘတ် ၁၀၀၀ စီ လစဉ် ၀ယ်ယူသုံးစွဲရကြောင်း၊ ဒီကြားထဲ အသက်အာမခံကြေး၊ လေ့လာရေးခရီးစဉ် စသဖြင့် အကြောင်းပြချက် အမျိုးမျိုးတွေနဲ့ ငွေထပ်ကုန်ရပြန်တယ်လို့ ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မစန္ဒာက ပြောပါတယ်။ “ကျမတို့ကို အစုရှယ်ယာငွေ ဘတ် ၁ သောင်းထည့်ရမယ်။ စာချုပ်စာတမ်းနဲ့ ချုပ်မယ်ဆိုရင် ၂၅၀၀ ပိုယူတယ်။ အဲတော့ ပထမဆုံး ၁၂၅၀၀ စရန်ငွေ ပေးရပါတယ်။ အဲဒါပြီးသွားရင် ကျမတို့ကို ဈေး ၅ လ၀ယ်ခိုင်းပါတယ်။ ၀ယ်ပြီးရင် ၄ သောင်းခွဲ ရမယ်လို့ သူပြောပါတယ်။ ၁ လကို ၁၀၀၀ ဖိုးဝယ်ရတယ်။ ကျမတို့ ၅၀၀၀ ဖိုးပြည့်အောင် ၀ယ်ရတယ်။ ကျမတို့ ၀င်ဖြစ်တယ်ဆိုတာကလည်း သူများနိုင်ငံသားတွေကို မယုံကြည်ဘူး။ မြန်မာအမျိုးသား ၂ ယောက်ပါနေလို့ ယုံကြည်ပြီး ၀င်ခဲ့ကြတာပါ။ အဲ ၂ ယောက်လည်း အခုချိန်ထိ ရှိနေပါတယ်။ သူတို့လည်း လိမ်လည်နေတုန်းပါပဲ။” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခိုင်ကြည်ကလည်း အလုပ်သမားတွေဆီက အလိမ်ခံရကြောင်း တိုင်ကြားချက်ကို လွန်ခဲ့တဲ့ ၄ လလောက်က ရရှိခဲ့ပေမယ့်  သူတို့တိုင်ကြားခဲ့တဲ့ ရဲစခန်းတွေက အမှုကို လက်မခံကြသလို တချို့ကလည်း အရေးယူဆောင်ရွက်ပေးမှု မရှိတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကရော ဒီကနေ့မှာပါ လူစု လူဝေးနဲ့ အင်အားပြ တောင်းဆိုခဲ့တာလို့ ပြောပါတယ်။ “လွန်ခဲ့တဲ့ ၄ လက အကူညီတောင်းတော့ ကျနော်တို့က သက်ဆိုင်ရာ ရဲစခန်းတွေ၊ နယ်မြေခံတွေ၊ ရုံးတွေ လိုက်ပြီး အကူညီ တောင်းကြည့်တာပေါ့။ ပြဿ     နာ အေးဆေးပြီးသွားမလားဆိုပြီး၊ ဒါပေမယ့် သူတို့က အမှုကို လက်မခံဘူး။ ငွေပမာဏ ၅ သန်းရှိမှ လိမ်လည်မှုမြောက်တယ်တဲ့။ ကျနော်တို့က ငွေပမာဏ ၅ သန်းဆိုတော့ လာတိုင်တဲ့ လူက ၅ ယောက်၊ ၁၀ ယောက်ဆိုတော့ အဆင်မပြေဘူး။ အမှုကို စစ်လို့မရဘူး။ အဲတော့ နယ်မြေခံရဲကိုသွားတယ်၊ အကူညီမပေးဘူး။ နောက်ဆုံး ထိုင်းစစ်တပ်အာဏာပိုင်ကိုလည်း သွားတိုင်တယ်။ အမှုမမြောက်ဘူးတဲ့၊ ၅ သန်းပြည့်မှ အမှုမြောက်မယ်ဆိုတော့ နောက်ဆုံး ကျနော်တို့က အလိမ်ခံရတဲ့သူတွေကို အင်တာနက်ကနေ လာကြဆိုပြီးခေါ်တော့ ၁၈ ရက်နေ့က ဘန်ကောက်မြို့နယ်က ရဲစခန်းမှာ လူပေါင်း ၅၅၉ ယောက်နဲ့ အမှုသွားဖွင့်တယ်။” လာရောက်တိုင်ကြားချက်မှာ ဆုံးရှုံးငွေ အားလုံးပြန်ရမယ်လို့ မျှော်လင့်ချက်မထားပေမယ့်လည်း နောက်နောင် အလုပ်သမားတွေကြား အယုံမလွယ်ဖို့၊ မိမိရှာထားတဲ့ငွေတွေ မြန်မာပြည်မှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံဖို့၊ ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည်လှည့်ဖြားမှုတွေ ရှောင်ရှားဖို့ စတဲ့ သင်ခန်းစာယူနိုင်မယ်လို့ ယုံကြည်ကြောင်း သူကဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024