မြန်မာလူငယ် ၂ ဦး၏ မိဘများ သတင်းစာရှင်းလင်းပွဲ ပြုလုပ် (ဓာတ်ပုံ)

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်တွေ့ဆုံဖို့ သူတို့ရဲ့ မိဘတွေ ဒီနေ့မနက် ဘန်ကောက်ကိုရောက်ရှိလာပြီးနောက် မြန်မာသံရုံးမှာ ညနေပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေက ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံသွားတယ်လို့ မြန်မာသံရုံးမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲပြီးနောက် ထိုင်းလူ့အခွင့်အရေးကောင်စီ၊ ရှေ့နေများကောင်စီက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထဲမှာ သံရုံးတာဝန်ရှိသူတွေ၊ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေနဲ့ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။ [gallery ids="68642,68643,68644,68645,68646,68647,68651,68652,68654"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up