DVB Logo
Home
မြန်မာသတင်း
ဒု-ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဒီကေဘီအေအဖွဲ့ကနေ ထုတ်ပယ်
DVB
·
October 22, 2014
ဒု-ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဒီကေဘီအေအဖွဲ့ကနေ ထုတ်ပယ်
Donate to DVB

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်  (ဒီကေဘီအေ) ကလိုထူးဘောအခြေစိုက် စစ်ဗျူဟာမှူးး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဒီကေဘီအေအဖွဲ့က ထုတ်ပယ်လိုက်ပါတယ်။

[caption id="attachment_66912" align="alignright" width="332"]ဒု-ဗိုလ်မှူးကြီး စောဆန်းအောင် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်[/caption]

လွန်ခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်းက ကျိုက်မရောမြို့ နယ် အတွင်း အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ တာနဲ့ပတ် သက်ပြီး ဒုဗိုလ်မှူးကြီး စော ဆန်းအောင်ကို ဌာနချုပ် က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် အဖွဲ့ကနေ ထုတ်ပယ်လိုက်တာလို့  အောက်တို ဘာလ ၂၁ ရက်နေ့မှာ ဒီကေဘီအေဌာနချုပ်က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမိန့်ပြန်တမ်းကို  ဒီကေဘီအေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီစာမှာ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့  လုံလောက်တဲ့အချိန်  ပေးခဲ့ပေမယ့် ဒီကနေ့အထိ လာရောက်ရှင်းလင်းတာ မရှိတဲ့အတွက် မူလပေးအပ်ထားတဲ့ တာဝန်တွေကို ရုပ်သိမ်းလိုက်တဲ့အပြင် အဖွဲ့ကနေလည်း ထုတ်ပယ်လိုက်ကြောင်း ရေးသားဖော်ပြထားပါတယ်။

ဒု-ဗိုလ်မှူးကြီးစောဆန်းအောင်ဟာ  ချမှတ်ထားတဲ့ စည်းမျဉ်းကို မလိုက်တဲ့အတွက် ဗဟိုက ထုတ်ပယ်လိုက်တာလို့ ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“တခြားကိစ္စတော့ ထွေထွေထူးထူးမရှိဘူး။ ကျနော်တို့ တပ်စည်းကမ်းအရ မိခင်ဌာနချုပ်ကို စာနဲ့သော်လည်ကောင်း၊ ကြေးနန်းနဲ့သော်လည်းကောင်း ဆင့်ခေါ်တဲ့အချိန်မှာ ပျက်ကွက်မှုနဲ့ လာရောက်မရှင်းတဲ့ ကိစ္စရပ်ပဲရှိတယ်။ ကျန်တဲ့ကိစ္စရပ်တော့ ကျနော်မသိဘူး။ ကျနော့်လူကြီးတယောက် လျော့သွားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ကတော့ စိတ်မကောင်းပါဘူး။ ”

အခုလို ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်မှုမရခဲ့ပါဘူး။

ဒု-ဗိုလ်မှူးကြီးစောဆန်းအောင်ဟာ  သမီးကလေးကျေးရွာသားတွေ ဖယ်ရှားခံရစဉ်က လူသားချင်းစာနာတဲ့ အနေနဲ့ ရွာသူရွာသားတွေကို ဒီကေဘီအေ ထိန်းချုပ်ဒေသကို ခေါ်လာပြီး နေချထားပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013