DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်ရှင် နမူနာ စတင်ရိုက်ကူး
DVB
·
October 22, 2014
ဗိုလ်ချုပ်ရုပ်ရှင် နမူနာ စတင်ရိုက်ကူး
1 / 3
Donate to DVB

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀အကြောင်း ရုပ်ရှင် နမူနာ အပိုင်း ၃ ပိုင်း စတင်ရိုက်ကူးနေပြီလို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။

[caption id="attachment_68600" align="aligncenter" width="438"]ဗိုလ်ချုပ်အောင်ဆန်းက မိသားစုပုန်းခိုဖို့ ရွာရှိရာကို လိုက်ပို့တဲ့အခန်း နမူနာအပိုင်း ၁ ပိုင်း ရိုက်ကူးနေစဉ် (Photo-Maung Thura) ဗိုလ်ချုပ်အောင်ဆန်းက မိသားစုပုန်းခိုဖို့ ရွာရှိရာကို လိုက်ပို့တဲ့အခန်း နမူနာအပိုင်း ရိုက်ကူးနေစဉ် (Photo-Maung Thura)[/caption]

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ထဲရှိ ဘန့်ဘွေးကုန်းဆည်မှာ ဂျပန်ကို တော်လှန်ခါနီးအချိန် ဗိုလ်ချုပ်အောင်ဆန်းက မိသားစုပုန်းခိုဖို့ ရွာရှိရာကို လိုက်ပို့တဲ့အခန်း နမူနာအပိုင်း ၁ ပိုင်းကို အောက်တိုဘာ ၂၁ ရက်က စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

10382532_618494058263040_1646040830966014212_oနမူနာအပိုင်း ၃ ပိုင်း ရိုက်ကူးဖို့ ရှိပြီး ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မတိုင်မီ အပြီးသတ်ရိုက်ကူးပြသနိုင်ဖို့ လုပ်နေတယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“အပိုင်း ၃ ပိုင်း ရိုက်တယ်။ အဲဒီ တီဇာ (တီဇာ ဆိုတာ ရုပ်ရှင်ကားတကားလုံးရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းလေးကို ထုတ်နုတ်ပြီးတော့ ကြော်ငြာသဘောမျိုး ထုတ်လွှင့်တာကို ဆိုလိုတာပါ) က ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားပဲ ရှိမယ်။ အဲဒါ ရိုက်ပြီး ရုပ်သံလွှင့်လိုင်းအားလုံးနဲ့ ယူကျု့မှာ ပြပြီး တနိုင်လုံးရဲ့ attention ကိုယူမယ်။ ပြီးတော့မှ ရန်ပုံငွေ ရှာမယ်။ ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ စီစဉ်ထားတယ်။ ရန်ပုံငွေကို ရှာဖွေ ရဦးမယ်။ ကားကြီးတကားရိုက်ဖို့ ရန်ပုံငွေက ကျနော်တို့ အတော်ကုန်ဖို့ ရှိတယ်။ ပြည်တွင်းမှာ ကိုယ့်ဟာကိုယ် ရိုက်ကူးမယ်ဆိုပေမယ့် ဒီကားက သိန်းပေါင်း သောင်းချီ ကုန်နိုင်တဲ့အတွက် ကျနော်တို့ ရန်ပုံငွေ ရှာဖွေဖို့အတွက် လုပ်ရမှာပါ။ ကျနော်တို့ ဒေါ်ခင်ကြည်ကိုယ်ဝန်သည်ကို ဆိပ်ကမ်းလိုက်ပို့တဲ့ တခန်းရယ်၊ ဘုရင်ခံနေပြီး သူ့ကို အစိုးရအဖွဲ့ အဓိပတိအဖြစ် ခန့်အပ်လိုက်တာရယ်၊ နောက်တခန်းက လုပ်ကြံခံရတာရယ်။ နှစ် ၁၀၀ တော့ မမီဘူး။ ရုပ်ရှင်နမူနာပိုင်းက နှစ် ၁၀၀ အတွက် ရည်ရွယ်ပြီး ကျန်တာက ၂၀၁၅ ကတော့ တဇာတ်ကားလုံး ပြီးအောင် ရိုက်ကူးဖို့ ရည်မှန်းချက် ထားပါတယ်။”

10679586_618494204929692_5293288585541546986_oဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်ကြတဲ့ ဒါရိုက်တာ ဇာဂနာ၊ ၀ိုင်း၊ ကြည်ဖြူသျှင်၊ အိအိခိုင် စတဲ့သူတွေ ၀ိုင်းဝန်းကူညီပံ့ပိုးနေကြတာ ဖြစ်ပြီး နမူနာအပိုင်း ၁ ကိုတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အဓိက တာဝန်ယူရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ   ရိုက်ကူးရေးအဖွဲ့က ရွေးချယ်လေ့ကျင့်ပေးထားတဲ့ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင် ကျော်ကျော်မျိုးနဲ့ ဒေါ်ခင်ကြည်အဖြစ် ဇာခြည်လင်းတို့က သရုပ်ဆောင်နေကြတာပါ။

ဗိုလ်ချုပ်ရုပ်ရှင်ကို အစက လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့အမီ နှစ် ၁၀၀ ပြည့်အတွက် ရိုက်ကူးပြသနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ဘဲ ရုပ်ရှင်ကို ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးဘုတ်အဖွဲ့နဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပုံကို အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေး အခုလိုပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ကျနော်တို့ အရင်တုန်းက ဟောလီးဝုဒ်က ဒါရိုက်တာတွေ၊ ဥရောပက ဒါရိုက်တာတွေတွေနဲ့ သူတို့ဆီက နည်းပညာတွေ ယူပြီးတော့ ရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်မယ့် ကုမ္ပဏီကလည်း ဇာတ်ညွှန်းတွေကို ပြင်ဆင်ချင်တယ်၊ ဒါရိုက်တာတွေကလည်း သူတို့စိတ်တိုင်းကျသူတို့ လုပ်ချင်တယ်ဆိုတဲ့အတွက် ကျနော်တို့က အမျိုးသားခေါင်းဆောင်တယောက်အတွက် သရုပ်သကန်အပေါ်မှာ အဲလိုလုပ်ပိုင်ခွင့်ပေးဖို့ စိုးရိမ်ပူပန်မှုရှိပါတယ်။ နောက်ဆုံးမှာတော့ ပြည်တွင်းမှာရှိတဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့တာဝန်ရှိသူတွေကပဲ ဒီဇာတ်ကားကို ဖြစ်မြောက်အောင် ရိုက်ကူးမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။ ဒါကြောင့် ကျနော်တို့ စတင်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကနဦး ခြေလှမ်းလှမ်းတာပါ။”

လက်ရှိမှာ  ဒီဇာတ်ကားကို  ရိုက်ကူးဖို့ ရန်ပုံငွေ မပြည့်စုံဘဲ ဒါဟာ ရိုက်ကူးရေးအတွက် အဓိက စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013