DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ရဲနှင့်ဘာသာပြန်က နှိပ်စက်ဝန်ခံခိုင်းဟု မြန်မာ ၂ ဦး ဖွင့်ဟ
DVB
·
October 22, 2014
လိပ်ကျွန်းအမှု ရဲနှင့်ဘာသာပြန်က နှိပ်စက်ဝန်ခံခိုင်းဟု မြန်မာ ၂ ဦး ဖွင့်ဟ
1 / 2
Donate to DVB

လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက  သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်ကို ပြောကြားခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်းဖော်ပြသွားပါတယ်။

unnamed11လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ ကျခံနေရတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့  ကိုဇော်ဝင်း ထွန်းတို့ကို ၅ နာရီကြာ သွားရောက် တွေ့ဆုံခဲ့ပြီးတဲ့နောက်  သူတို့က  အခုလိုပြောဆိုခဲ့တာလို့  သွားရောက် တွေ့ဆုံခဲ့သူ လူ့အခွင့်အရေးဆိုင်ရာ ၀ါရင့်ရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက သတင်းထောက်တွေကို ပြောပါတယ်။

[caption id="attachment_68593" align="alignleft" width="300"]ထိုင်းရှေ့နေ သတင်းဌာနတွေကို ရှင်းလင်းနေစဉ် ထိုင်းရှေ့နေ သတင်းဌာနတွေကို ရှင်းလင်းနေစဉ်[/caption]

လူငယ် ၂ ဦးဟာ နိုင်ငံခြား ခရီးသွား ဧည့်သည် ၂ ဦးကို သတ်ခဲ့သူ မဟုတ်ကြောင်းနဲ့  သူတို့အပေါ် စွပ်စွဲချက်တိုင်း ကို ငြင်းဆိုခွင့်ပြုဖို့  တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါအပြင် ဘာ သာပြန်ရဲ့ ခြေထောက်နဲ့ ရင်ဘတ်ကို အကန်ခံခဲ့ရတဲ့ကိစ္စ၊ ထိုင်းရဲက ခန္ဓာကိုယ်ကို ရိုက်နှက်ပြီး အတင်းဝန်ခံခိုင်းတဲ့ကိစ္စမှာ တရားမျှတမှု ရှိစေရေးနဲ့ သူတို့အမှုကို  တရားရုံးပေါ် မတင်ခင် ပြန်လည်စဉ်စားပေးဖို့ ကော်စမွီခရိုင် အစိုးရရှေ့နေများကောင်စီက နိုင်းဖိဘွန်း အာချဝမ်းနန်ထခွန်းကို တင်ပြခဲ့တယ်လို့  သူက ပြောပါတယ်။

မြန်မာလူငယ် ၂ ဦးဟာ လူသတ်မှု ဖြစ်ပွားပြီး ၁ ပတ်အကြာမှာ ဖမ်းဆီးခံရကြောင်း၊  စစ်ဆေး နှိပ်စက်ခံရလို့ လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ရတာ ဖြစ်ပြီး မြန်မာဘာသာပြန်မှာလည်း လူမျိုးကွဲ ဖြစ်နေတော့ လေယူလေသိမ်းကြောင့် နားထောင်ရ အခက်အခဲဖြစ်တယ်လို့  ပြောဆိုခဲ့ကြောင်း ရှေ့နေက ဆက်ပြောပါတယ်။

ဒါပေမယ့် သူတို့ရှေ့နေများကောင်စီအနေနဲ့  အဘက်ဘက်က တရားမျှတမှု ရှိအောင် ဘာသာပြန်တွေဘက်ကိုလည်း မေးမြန်းရဦးမှာ ဖြစ်ကြောင်း၊ မြန်မာလူငယ် ၂ ဦးကတော့ လူသတ်သူက ဘယ်သူဆိုတာကို ပြောတာ မဟုတ်ဘဲ  ဒီအမှုမှာ သူတို့ မပတ်သက်တဲ့အကြောင်းကိုသာ ပြောဆိုခဲ့ကြောင်း၊ သူတို့ပြောဆိုမှုတွေဟာ မှန်ကန်တယ်လို့ ယုံကြည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက ထိုင်းရုပ်သံ ချန်နယ် ၃ ကို ပြောသွားပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးရဲ မိဘအုပ်ထိန်းသူတွေလည်း ဒီနေ့မနက် ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013