DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာနှင့်ထိုင်း ဇနီးမောင်နှံ အသတ်ခံရ
DVB
·
October 21, 2014
ထိုင်းနိုင်ငံတွင် မြန်မာနှင့်ထိုင်း ဇနီးမောင်နှံ အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ခ်ျပူရီခရိုင် ဖိုးထားရမ်းမြို့ ဆွယ့်ဖာ့ရပ်ကွက်မှာ နေထိုင်သူ ထိုင်းအမျိုးသားနဲ့ မြန်မာအမျိုးသမီးတို့ ဇနီးမောင်နှံဟာ အောက်တိုဘာ ၁၉ ရက်နေ့က အသတ်ခံခဲ့ရတယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

557000012467502ဖိုးထားရမ်းမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် နတ့်သ်ဖုန်း ဖျေးဖိထပ် ရဲ့ ပြောကြားချက် အရ သေဆုံး သူ နိုင်းချု့ကလစ် နိမ့်နွန်း အသက် ၆၂ နှစ် နဲ့ ဇနီးဖြစ်သူ မမီး အသက် ၃၅ နှစ်တို့ဟာ သူတို့ အိပ်ခန်းထဲမှာ လည်ပင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခန်းထဲက ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေတာကြောင့် မသေခင်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ဟန်ရှိခဲ့ကြောင်း၊ သေဆုံးသူရဲ့ သမီး နန်းဘွန်းဒါး အသက် ၃၅ နှစ်ရဲ့ ထွက်ဆိုချက်အရ ဖခင်ဖြစ်သူဟာ ဘဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကာ  မြန်မာအလုပ်သမား ၃ ဦး ရှိကြောင်း၊ အလုပ်သမားနဲ့ ဆက်စပ်ပြီး သိကျွမ်းခဲ့သူ မြန်မာအမျိုးသမီးကို ဇနီးအဖြစ် ပေါင်းသင်းခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီးတဲ့နောက် သေသူရဲ့ ဘတ်ငွေ ၁ သိန်းနဲ့ ယမဟာ ဆိုင်ကယ်တစီးပါ ပျောက်ဆုံးသွားတယ်လို့ ဒုရဲအုပ်က ဆက်ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အနီးနားပတ်ဝန်းကျင်က လူတွေကို မေးမြန်းရာမှာ ဘဲခြံက မြန်မာအလုပ်သမား ၃ ဦးနဲ့  အဲဒီနားက အခြားမြန်မာအလုပ်သမား ၁ ဦး ပေါင်း ၄ ဦးတို့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

ညနေပိုင်းမှာတော့ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်ကို လူ ၂ ဦးက ဓာတ်ဆီဆိုင်တဆိုင်မှာ  လာရပ်ထားပြီး သူတို့ကို တခြားဆိုင်ကယ်တဦးက လာကြိုသွားကြောင်း မျက်မြင် သက်သေတွေက ရဲစခန်းကို အကြောင်းကြားတဲ့အတွက် ဆိုင်ကယ်ပေါ်က လက်ဗွေရာတွေ စစ်ဆေးပြီး လူသတ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်သွားမယ်လို့  ဒုရဲအုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013