DVB Logo
Home
မြန်မာသတင်း
မွေးဖွားမှုမှတ်ပုံတင်အစီအစဉ် ပထမဆုံး စတင်
DVB
·
October 21, 2014
မွေးဖွားမှုမှတ်ပုံတင်အစီအစဉ် ပထမဆုံး စတင်
Donate to DVB

မြန်မာနိုင်ငံရဲ့ မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ကို ပထမဆုံးအဖြစ် မကွေး၊ ဟားခါးနဲ့ မော်လမြိုင်မြို့ကြီးတွေမှာ အောက်တိုဘာလ ၂၀ ရက်နေ့က စတင်လိုက်ပါတယ်။

s1.reutersmedia.netဒီအစီအစဉ်ကို ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ အီးယူရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့က ယူနီဆက်ဖ် နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီစီမံချက်နဲ့ပတ်သက်ပြီး “မွေးမှတ်ပုံတင်စနစ် အားကောင်းလာဖို့ ရည်ရွယ်ပြီး ရေရှည်မှာ ပြည့်စုံကောင်းမွန်တဲ့ ပြည်သူ့ရေးရာ မှတ်ပုံတင်စနစ်ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ မွေးဖွားမှုစာရင်းမှတ်ပုံတင်တာမှာ  တိုးတက်မှုရှိနေပေမယ့် ကလေးစုစုပေါင်း ၁၆ သိန်းဟာ မွေးစာရင်းမှတ်ပုံတင်မရှိပဲ နေထိုင်နေကြတယ်လို့ ယူနီဆက်ဖ်က သတင်းထုတ်ပြန် ပါတယ်။

ရန်ကုန်က ကလေး အားလုံးနီးပါး မွေးဖွားမှုမှတ်ပုံတင်စာရင်းရှိပေမယ့် ချင်းပြည်နယ်က ကလေး ၇၆ ရာခိုင်နှုန်း၊ မကွေးတိုင်းက ကလေး ၄၃ ရာခိုင်နှုန်းနဲ့ မွန်ပြည်နယ်က ကလေး ၁၁ ရာခိုင်နှုန်းမှာ မွေးစာရင်းမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုကျင်းပတဲ့ လှုပ်ရှားမှုကာလအတွင်းမှာ ဒေသခံအာဏာပိုင်တွေက သက်ဆိုင်ရာဒေသမှာ မွေးဖွား စာရင်း မှတ်ပုံတင်မရှိတဲ့ ကလေးတွေကို ရှာဖွေဖော်ထုတ်ပြီး မွေးစာရင်းတွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013