DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်ကုန်ပိုင်း ကျင်းပမည်
DVB
·
October 20, 2014
ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်ကုန်ပိုင်း ကျင်းပမည်
Donate to DVB

ရွေး​ကောက်​ပွဲကို ၂၀၁၅ ​အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်းမှာ ကျင်းပမယ်​လို့ ပြည်ထောင်စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ဥက္ကဋ္ဌ ဦးတင်​​အေးက ​ပြောကြား လိုက်ပါတယ်။

ရွေး​ကောက်​ပွဲ​ကော်​မရှင်​နဲ့ အရပ်ဘက်​အဖွဲ့ အစည်း​​တို့ ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ တွေ့ဆုံဆွေးနွေးရာမှာ ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့တာလို့ ရန်ကုန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

[caption id="attachment_44734" align="alignleft" width="300"]ဦးတင်အေး ဦးတင်အေး[/caption]

“အဲဒါ ကတော့ အောက်တို ဘာ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာ ပထမအ ပတ် လောက်မှာဖြစ်နိုင် တယ်။”

၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပ မယ်လို့ နဂိုကတည်း က ပြောဆိုခဲ့ပေမယ့် တိကျတဲ့အချိန် ကို ကော်မရှင်က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီလဆန်းပိုင်းမှာ သမ္မတက တိုင်းပြည်ကို ပြောဆိုတဲ့မိန့်ခွန်းမှာလည်း တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မယ်။ ဒါမှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကျင်းပနိုင်ရေး သေချာမယ်ဆိုတာ ထည့်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲကော်မရှင်ဖက်က တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပြုစုတဲ့ မူကြမ်းကို ချပြပြီး ပြန်လည်ဆွေးနွေးကြတယ်လို့ ရန်ကုန် ရွေးကောက်ပွဲကော်မရှင် ဥကဌ ဦးကိုကိုက ပြောပါတယ်။

“ပထမတချက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံ မဆန္ဒရှင်စာရင်း ပြုစုတဲ့ မူကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ CSO (အရပ်ဘက်အဖွဲ့အစည်း) တွေကို ချပြတယ်။  CSO တွေက ပြန်ပြီးတော့ အကြံပြုချက်တွေပေးတယ်။ ဒုတိယ အချက်ကတော့ လေ့လာစောင့်ကြည့်သူတွေ လိုက်နာရမယ့် ကျင့်ဝတ် code of conduct နဲ့ပတ်သက်ပြီး ရေးဆွဲဖို့ အဲဒါကို ဆွေးနွေးတာ။ အဓိကကတော့ အဲဒီ ၂ ချက်ပါပဲ။ ”

ဒီတွေ့ဆုံပွဲဟာ အပြုသဘောဆောင်ပြီး ဒီဇင်ဘာလောက်မှာ ထပ်တွေ့ကြဦးမယ်လို့ သူက ပြောပါတယ်။  ဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့အစည်း ၇၀ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ ဦးကိုကိုက ပြောပါတယ်။ မနက်ဖြန်ကျရင်လည်း ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဒီနေ့မနက်က လွှတ်တော်ကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က “ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတရုံနဲ့ လွတ်လပ်ရုံတင်မက အချိန်မီ လုပ်ရမယ်။ သူ့အချိန်မှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပထမရွေးကောက်ပွဲထက် အမြဲပဲ ဒုတိယရွေးကောက်ပွဲဟာ ပိုပြီး အရေးကြီးတယ်” လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ထားသလို လာမယ့်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013