DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကေအန်ယူနှင့် ဒီကေဘီအေ တွေ့ဆုံ
DVB
·
October 20, 2014
ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကေအန်ယူနှင့် ဒီကေဘီအေ တွေ့ဆုံ
Donate to DVB

ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်းအပါဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးနဲ့ပတ်သက်ပြီး ကေအန်ယူနဲ့ ဒီကေဘီအေ ထိပ်သီးခေါင်းဆောင်တွေ အောက်တိုဘာလ ၁၉ ရက်နေ့က ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

knuဒီဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ပြန်လည် ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး တာလို့ ဒီကေဘီအေ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက  ပြောပါတယ်။

“ကော်သူးလေတပ်မတော (ကေအေအက်ဖ်) ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီးတော့ အကြိုဆွေးနွေးပွဲလို့ ပြောလို့ရပါတယ်။ ဒီက လတ်တလော လုပ်ဆောင်ထားတဲ့ အခြေအနေအပေါ်မှာကြည့်ပြီး သူတို့လည်း အဖွဲ့အစည်းအတွင်းမှာ ပြန်ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စရှိတယ်။ အဲဒါတွေနဲ့ သဟဇာတဖြစ်အောင် အကြိုညှိနှိုင်းတဲ့သဘောပါ။”

ဒီဆွေးနွေးပွဲကို ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ၊ ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေး၊ ကေအန်ယူ ဥက္ကဋ္ဌရဲ့ စစ်ရေးနိုင်ငံရေးအကြံပေးအရာရှိ စောထူးထူးလေး၊ ဗဟိုကော်မတီဝင်  ပဒိုမန်းငြိမ်းမောင်၊ ပဒိုရောဂျာခင်၊ ပဒိုရွှေမောင်းတို့ပါဝင်ပြီး  ဒီကေဘီအေဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ဗိုလ်မှူးချုပ်စောကျော်သက် အပါအ၀င် ဒီကေဘီအေက အဆင့်မြင့်ခေါင်းဆောင်တွေလည်း  တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာတော့ ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်းအပါဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးနဲ့ပတ်သက်ပြီး လာမယ့်အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကရင်လက်နက်ကိုင် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီကေဘီအေ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၉ ရက်နေ့ကျရင် ကျနော်တို့ လက်လှမ်းမီသလောက် အားလုံးကို ဖိတ်မှာပါ။ ကေအန်ယူ၊ ကေအန်အယ်လ်အေ၊ ကေအန်ဒီအို၊ ကေအန်ယူ/ကေအန်အယ်လ်အေ ပီစီ၊ အမ်ပီစီ နဲ့ နီးစပ်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကိုလည်း ဖိတ်ကြားသွားမှာပါ။”

၁၅ ကြိမ်မြောက် ကေအန်ယူ ကွန်ကရက်မှာ ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်း စည်းရေး ကော်မီဖွဲ့စည်းထားပြီး ပေါင်းစည်းနိုင်ရေး လုပ်ဆောင်မှုတွေ ရှိနေပမယ့် ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ကော်သူးလေတပ်မတော် ကြေညာချက်နဲ့ပတ်သက်ပြီး အဖွဲ့တွေအကြား အမြင်ကွဲလွဲမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ကေအန်ယူ ဗဟိုကော်မတီ အစည်းအဝေးမှာတော့ ကော်သူးလေတပ်မတော်ကိစ္စနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီကနေ ထွက်မလား၊ အဖွဲ့ဝင်ပြန်ဝင်မလားဆိုတဲ့  ကိစ္စတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013